ရွာငံ ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ရွာငံမြို့နယ်အတွင်း ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများအတွက် အခြေခံမဲစာရင်းများ တိုက်ဆိုင်စစ်ဆေး စာရင်းသွင်းနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် (၁၁) နာရီက မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကြည့်ရှုစစ်ဆေးခဲ့လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
စစ်ဆေးရာတွင် မြို့နယ်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူများအတွက် အခြေခံမဲစာရင်းများ ရရှိရေး၊ မဲဆန္ဒရှင်စာရင်းများ တိုက်ဆိုင်စစ်ဆေးနေမှု အခြေအနေနှင့် လိုအပ်သည့် အချက်အလက်များ ပြည့်စုံမှန်ကန်စေရေး၊ တာ၀န်ရှိသည့်ဌာနများမှ ဝိုင်း၀န်းပူးပေါင်း ဆောင်ရွက်ပေးကြရန် လိုအပ်ကြောင်းပြောကြားရာ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်လေးနွယ်က မြို့နယ်အတွင်း မဲဆန္ဒရှင်စာရင်းများနှင့် ပတ်သက်၍ လုပ်ငန်းပေါင်းစပ်ဆောင်ရွက်နေမှု အခြေအနေ များကို ရှင်းလင်းတင်ပြခဲ့သည်။
ရွာငံမြို့နယ်တွင် ရပ်ကွက်(၃)ရပ်ကွက်၊ ကျေးရွာအုပ်စု(၂၈)အုပ်စုမှ ကျေးရွာပေါင်း ၁၂၅ ရွာရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)