ပုဗ္ဗသီရီ ဒီဇင်ဘာ ၉
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ပုဗ္ဗသီရိမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် ဒီဇင်ဘာ လ ၇ရက် မွန်းလွဲ ၁ နာရီက စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Book Club ) စာဖတ်ဝိုင်းဆွေးနွေးပွဲ ကျင်းပခဲ့သည်။
ဆွေးနွေးပွဲတွင် ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သန္တာလင်းက စာဖတ်ဝိုင်းကျင်းပခြင်းသည် အကျိုးကျေးဇူးများစွာရှိကြောင်းနှင့် စာပေဖတ်ရှုခြင်း ဖြင့် ဗဟုသုတပြည့်ဝစေရန် ရည်ရွယ်ချက်များဖြင့် ကျင်းပခဲ့ကြောင်း ပြောကြားခဲ့ပြီး ပုဗ္ဗသီရိမြို့နယ် စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များက စာရေးဆရာ ဆရာအောင်သင်း ရေးသားထားသော “လက်ဆင့်ကမ်းခဲ့သော လုပ်အားတန်ဖိုး”စာအုပ်ပါ အကြောင်းအရာ များမှ စာရေး ဆရာစိန်ဝင်းနွယ်(ဘာသာပြန်) က”လုပ်အားတန်ဖိုး”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေး ဆရာရဲမွန်ကျော်မှ “လူ့လောကကြီး တိုးတက်နေပုံ” ခေါင်းစဉ်ဖြင့် လည်းကောင်း၊ စာရေးဆရာ နွေဦးကိုကိုမှ “မိမိတန်ဖိုးကို ဆန်းစစ်ကြစို့” ခေါင်းစဉ်ဖြင့် အသီးသီး ဆွေးနွေးခဲ့ကြပြီး တက်ရောက် လာသည့် စာပေဝါသနာရှင်များ၏ မေးမြန်းချက်များကို ပြန်လည်ဖြေကြားပေးခဲ့သည်။
ဆွေးနွေးပွဲသို့ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း(Book Club) အဖွဲ့ဝင်များ၊ စာပေချစ်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)