မိုင်းယန်း ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယမန် နေ့ နံနက် ၁၀ နာရီက သတင်းဗီဒီယို တည်းဖြတ်နည်း “Video Edit” သင်တန်းကို ဖွင့်လှစ်သင်ကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ သင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခွန်ရဲထွေးက သင်တန်းဖွင့်လှစ်ရခြင်းကြောင့် လူငယ်များအနေဖြင့် အသိပညာဗဟုသုတများ တိုးပွား၍ နည်းလမ်းအသစ်များကို ရှာဖွေလေ့လာတက်သည့် အလေ့အထကောင်းများ ရရှိစေရန် အတွက် သင်တန်းများ ဖွင့်လှစ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားပြီး (Kine Master) video edit ဆော့ဝဲအား ဖုန်းတစ်လုံးတည်းဖြင့် video ပြုလုပ်အသုံးပြုနိုင်ပုံအဆင့်ဆင့်ကို ရှင်းလင်းပြသ သင်ကြားပေးခဲ့သည်။
အဆိုပါ video edit သင်တန်းအား မြို့ပေါ်ရပ်ကွက်အသီးသီးမှ လူငယ်များ၊ လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများနှင့် မီသတ်ဦးစီးဌာနမှတပ်ဖွဲ့ဝင်များ စုစုပေါင်း သင်တန်းသား (၁၅)ဦး တက်ရောက်သင်ကြားခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းထူး