နောင်တရားမြို့၌ ယာစပါး စံကွက်ရိတ်သိမ်း

နောင်တရား  ဒီဇင်ဘာ ၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နန်းပုလင်း ကျေးရွာအုပ်စု၊ ဉာဏ်ပင်ရွာတောင်ဘက်၌ နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ဝန်ထမ်းများက ယာစပါးအထွက်နှုန်း သိရှိနိုင်ရေးအတွက် ယာစပါးစံကွက်ရိတ်သိမ်းခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ဆောင်ရွက်သည်။

နောင်တရားမြို့ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူး ဦးကျော်စိုးသူ၊ လယ်ယာမြေ စီမံခန့်ခွဲရေး စာရင်းအင်း ဦးစီးဌာနမှ ဦးစီးမှူး ဦးအောင်သူစိုးနှင့် ဝန်ထမ်းများက ယာစပါးအထွက်နှုန်း သိရှိနိုင်ရေးအတွက် ဉာဏ်ပင်ရွာတောင်ဘက် ကွင်းအမှတ်-၅၊ တောင်သူ ခွန်မောင်ညွှန်း၏ ၁.၅၅ ဧက လယ်ယာမြေ၌ စိုက်ပျိုးထားသည့် ယာစပါးကို စံကွက်ရိတ်သိမ်းတိုင်းတာခဲ့သည်။ အဆိုပါ ယာစပါးကို စံကွက်ရိတ်တိုင်းတာရာတွင် စပါးအစို အထွက်နှုန်း ၇၈.၁၀ တင်းရှိပြီး စပါးအခြောက် အထွက်နှုန်းမှာ ၇၂.၆၅တင်း ထွက်ရှိကြောင်းသိရသည်။

ခွန်အောင်(နောင်တရား)