ငါ့သရောက်မြို့တွင် လျှပ်စစ်အန္တရာယ်ကင်းရှင်းရေးအတွက် သစ်ပင်၊ သစ်ကိုင်းများ ခုတ်ထွင်ရှင်းလင်း

ငါ့သရောက် ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့၌ လျှပ်စစ်အန္တရာယ်  ကင်းရှင်းရေးအတွက် ငါ့သရောက်မြို့ လျှပ်စစ် ဓာတ်အားပေးရေး ကော်ပိုရေးရှင်းမှ မြို့မန်နေဂျာ ဦးဝေဖြိုးကျော်နှင့်  ဝန်ထမ်းများက ယနေ့နံနက်(၈) နာရီမှစ၍  လျှပ်စစ် ဓာတ်အားပေးလိုင်းနှင့်   မလွတ်ကင်းသည့်  သစ်ပင်သစ်ကိုင်းများ  ခုတ်ထွင်ရှင်းလင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ ကြောင်း သိရသည်။

မြို့လျှပ်စစ်မန်နေဂျာ ဦးဝေဖြိုးကျော်နှင့်ဝန်ထမ်းများသည် ဓာတ်အားသုံးစွဲသူပြည်သူများ လျှပ်စစ်ဓာတ်အား အပြည့်အဝ ရရှိနိုင်စေရန်နှင့် ဓာတ်အားလေလွင့်ဆုံးရှုံးမှု မရှိစေရန်အတွက်၊ ငါ့သရောက်မြို့ ဈေးကုန်းရပ်ကွက်နှင့် ပျဉ်းပင်ရပ်ကွက်သို့ ဓာတ်အားပို့လွှတ်သည့် ၁၁/၀.၄ KV ၃၁၅ KVA  ဈေးကုန်းရပ်ကွက် Transfer (၄၀၀) ဓာတ်အား လိုင်းတစ်လျှောက်၊ ဓာတ်အားလိုင်းနှင့် ထိစပ်နေသောသစ်ပင်၊ သစ်ကိုင်းများကို နံနက်(၈)နာရီမှ မွန်တည့် (၁၂) နာရီအထိ ခုတ်ထွင် ရှင်းလင်းခဲ့ကြကြောင်း သိရသည်။

ဖြိုးဝေ(ပြန်/ဆက်)