ငါန်းဇွန်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေး

ငါန်းဇွန်   ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး မြင်းခြံခရိုင် ငါန်းဇွန်မြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် အသက်(၅၅) နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးနှံပေးခြင်းကို မြို့နယ်အတွင်း ဇုံနယ်မြေ(၉)ဇုံ ခွဲခြားသတ်မှတ်ပြီး ဇုံနယ်မြေအလိုက် သတ်မှတ်နေရာ များတွင် နိုဝင်ဘာ ၂ဝရက်နေ့မှစ၍ နေ့စဉ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး တတိယသုတ် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးကြောင်း သိရသည်။

ထိုသို့ တတိယသုတ် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးရာ ယမန်နေ့က ငါန်းဇွန်မြို့ နယ်အတွင်း မြို့မဇုံမှ (၄)ဦး၊ မြို့သာဇုံမှ (၁၇)ဦး၊ ငါန်းမြာဇုံမှ (၉)ဦး၊ ခြင်္သေ့လက်ဇုံ မှ (၁၁)ဦး၊ သားကျင်ဇုံမှ (၃၀)ဦး၊ ဂျိုဇုံမှ (၇)ဦး၊ သံဘိုဇုံမှ (-)ဦး၊ ရေလည်သောင်ဇုံမှ (-)ဦးနှင့် ကုလားရွာဇုံမှ (၂၁) ဦး၊ မြို့နယ်အတွင်း ဇုံ(၉) ဇုံမှ အသက်(၅၅)နှစ်နှင့်အထက်ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် စုစုပေါင်း (၉၉)ဦး ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ငါန်းဇွန်မြို့နယ် Coronavirus Disease 2019 (COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်း ကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ် တပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက်(၅၅)နှစ် နှင့်အထက် ပြည်သူများနှင့် သတ်မှတ် ဦးစားပေးအုပ်စုအလိုက် လူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာ ရေးအဆင်ပြေစေရန် ကူညီဆောင်ရွက်ပေးကြပြီး မြို့နယ် ကျန်းမာရေးဝန်ထမ်းများက အသက်(၅၅)နှစ်နှင့်အထက် ပြည်သူများနှင့် ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး တတိယသုတ် ဒုတိယအကြိမ် ထိုးနှံပေးရာ နိုဝင်ဘာ ၂၀ရက်နေ့မှ ဒီဇင်ဘာ ၈ရက်နေ့အထိ စုစုပေါင်း(၂၉၃၀)ဦးထိုးနှံပြီးကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)