ကျိုင်းလပ် ဒီဇင်ဘာ ၉
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ ကျိုင်းလပ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ယမန်နေ့ နံနက်ပိုင်းက စာရေးဆရာ အောင်ကိုဦး (UMK) ၏ “လူငယ်တွေစဉ်းစားဖို့” စာအုပ်ဖြင့် စာဖတ်ဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့ဦးစီးမှူး ဒေါ်ဖြူဖြူ၀င်းက စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ရသည့် ရည်ရွယ်ချက်နှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားပြီး စာဖတ်ဝိုင်းတွင် Book Club အသင်းမှ ဦးဇော်မင်းအောင်က "လူငယ်နှင့်ရွေးချယ်မှု"၊ ဦးအားလောင်က "လူငယ်နှင့်အချိန်"၊ Woman Club အသင်းမှ ဒေါ်နန်းစောက “လူငယ်နှင့် ယဉ်ကျေးမှု ” အကြောင်းအရာများကို အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ဖြူဖြူဝင်း (ပြန်/ဆက်)