ဥတ္တရခရိုင်ပြည်သူ့စာကြည့်တိုက်တွင် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အသိပညာပေး ဟောပြော

ဥတ္တရသီရိ      ဒီဇင်ဘာ   ၈

၂၀၂၂ ခုနှစ် ဇန်နဝါရီလ(၄)ရက်နေ့တွင် ကျရောက်မည့် (၇၄)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အွန်လိုင်းမှတဆင့် အသိပညာပေးဟောပြောပွဲကို ဒီဇင်ဘာလ(၇)ရက်မွန်းလွဲ (၂)နာရီက နေပြည်တော် ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင် ပြည်သူ့စာကြည့်တိုက်တွင် ကျင်းပသည်။

ဟောပြောပွဲတွင် ဥတ္တရခရိုင်စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း(Book Club)အဖွဲ့ ဥက္ကဌ ဒေါ်နန်းဝင်းဝင်းစိန်(စာရေးဆရာမ ရဿဝတီမေနန်း)က လွတ်လပ်ရေးနေ့ ဖြစ်ပေါ်လာပုံ၊ မြန်မာလွတ်လပ်ရေးကို အဓွန့်ရှည်တည်တံ့အောင်ထိန်းသိမ်းရမည့် အကြောင်းအရာများ စသည်တို့ကို ဟောပြောဆွေးနွေးခဲ့သည်။

ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာ ဗဟုသုတရစေရေး အွန်လိုင်းမှတဆင့် အသိပညာပေးလုပ်ငန်းများ စီစဉ် တင်ဆက်လျက်ရှိရာ ယခုလွတ်လပ်ရေးနေ့အထိမ်းအမှတ် အသိပညာပေးအစီအစဉ်အား ဥတ္တရခရိုင် ပြည်သူ့ စာကြည့်တိုက် Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။

ဥတ္တရခရိုင် ( ပြန်/ဆက် )