ကျေးသီး ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်တွင် အခြေခံဘောလုံးသင်တန်းဖွင့်လှစ်နိုင်ရေးအတွက် လက်တွေ့သရုပ်ပြခြင်းနှင့် စာရင်း ကောက်ယူခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက အခြေခံပညာ အထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရခြင်းကို အားကစားနှင့်ကာယပညာဦးစီးဌာန၊ အားကစားမှူး ဦးတင်မျိုးလွင်က အခြေခံဘောလုံး သင်တန်းဖွင့်လှစ်နိုင်ရေးအတွက် ကျောင်းသား/ကျောင်းသူများအား သင်တန်းအကြောင်း သိကောင်းစရာများ၊ အားကစားဆောင်ရွက်ခြင်းကြောင့် ကျန်းမာကြံ့ခိုင်သည့်ခန္ဓာကိုယ်ကို ရရှိစေပြီး ပညာရေးတွင်လည်း ထူးချွန်ထက်မြတ်သည့် အားကစားသမားများ ပေါ်ထွက်လာစေရေး ရှင်းလင်း ပြောကြား၍ သင်တန်းနည်းပြက ဘောလုံးကစားနည်း လက်တွေ့သရုပ်ပြပြီး အားကစားဝါသနာပါ သည့် ကျောင်းသား/ ကျောင်းသူများအား စာရင်းကောက်ယူခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နန်းမွမ်းဆိုင်(ကျေးသီး)