ကျိုက်မရော၌ ခေတ်မီစပါးခြွေလှေ့စက်ကြီးဖြင့် စပါးများ သန့်စင်ခြွေလှေ့ပေးသဖြင့် လယ်သမားများ အဆင်ပြေလျက်ရှိ

ကျိုက်မရော ဒီဇင်ဘာ ၈

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ဘိန်းဗျောကျေးရွာရှိ ကျေးလက်နေ တောင်သူလယ်သမား အများစုမှ အဆိုပါ ခေတ်မီစပါးခြွေလှေ့စက်များ စိုက်ပျိုးခဲ့သည့် မိုးပါးများအား ရိတ်သိမ်းရာတွင် ခေတ်မီစပါးရိတ်စက်များဖြင့် ရိတ်သိမ်းပြီး ကောက်လှိုင်းများ ခြွေလှေ့ရာတွင်လည်း စက်မှုလယ်ယာစနစ်ဖြင့် ခေတ်မီစပါး ခြွေလှေ့စက်များကို အသုံးပြုကာ စျေးကွက်များသို့ တင်ပို့ရောင်းချနိုင်သည်အထိ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်သဖြင့် တောင်သူလယ်သမားများ အဆင်ပြေလျက် ရှိကြောင်း သိရသည်။

အဆိုပါခြွေလှေ့စက်ကို ပိန်းနဲကုန်းကျေးရွာမှ ငှားရမ်း၍ ဆောင်ရွက်ရပြီး တစ်နာရီလျှင် ဝန်ဆောင်ခအဖြစ် ငါးသောင်းမှ ခြောက်သောင်းအထိပေးရကြောင်း၊ တစ်နာရီ ခြွေလှေ့ရာတွင် စပါးအထွက်နှုန်း အသီးအနှံအပေါ်မူတည်၍ တင်း(၃၀)မှ တင်း(၄၀)အထိရကြောင်း၊ တစ်ဧကလျှင် စပါး၂၅တင်းခန့်သာထွက်ရှိကြောင်း၊ လယ်မြေများမှ ရေကြီးနစ်မြှပ်မှုဒဏ် နှစ်စဉ်ခံနေရသဖြင့် မြေဆီလွှာများ အရင်ကလောက် မကောင်းတော့သဖြင့် စပါးအထွက်နှုန်း လျော့နည်းလာကြောင်း၊ ယခုကာလတွင် စက်မူလယ်ယာစနစ်ဖြင့် စိုက်ပျိုးရေး ဦးစီးဌာနမှ ထောက်ပံ့ပေးသည့် မြေသြဇာနှင့် မျိုးစပါးများရရှိသဖြင့် စိုက်ပျိုးရအဆင်ပြေပြီး စပါးရိတ်သိမ်းခြွေလှေ့ရာ၌လည်း ခေတ်မီစက်ကရိယာများဖြင့် ဝန်ဆောင်မှုဖြင့် ကျွန်တော်တို့ လယ်သမားများ အလွန်အဆင်ပြေကြောင်း၊ စက်ဖြင့်ခြွေလှေ့ရာတွင် တစ်နေ့လျှင် စပါးတင်းတစ်ရာအထိ ရရှိကြောင်း စပါးစျေးကတော့ တစ်ရာကို ငါးသိန်းခန့်ရှိကြောင်း၊ စပါးအမျိုးအစားကတော့ နဂါးရားအမျိုးအစားနဲ့ ပေါ်ဆန်းယဉ် အမျိုးအစားတွေဖြစ်ကြောင်း တောင်သူ ဦးစည်သူအောင် က ပြောသည်။

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)