မန်တုံ ဒီဇင်ဘာလ ၈
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ မန်တုံမြို့နယ်၊ အခြေခံပညာအထက်တန်း ကျောင်းတွင် ပညာသင်ယူလျက်ရှိသော အသက်(၁၂)နှစ်အထက်ကျောင်းသား/သူများအား ကိုဗစ် (၁၉) ရောဂါဖြစ်ပွားမှုမှ ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယမန်နေ့ နံနက်(၈:၀၀)နာရီအချိန်က အထက်တန်းကျောင်း ရွှေလီခန်းမ၌ ကိုဗစ်(၁၉)ကာကွယ်ဆေး(Sinovac)များကို ဒုတိယအကြိမ် အဖြစ် ထိုးနှံပေးခဲ့သည်။
အဆိုပါ ကာကွယ်ဆေးထိုးနှံရာတွင် အခြေခံပညာကျောင်းများမှ ဆရာ/ဆရာမများက ကျန်းမာရေး ဝန်ထမ်းများနှင့်ပူးပေါင်း၍ Hand Gel ဖြင့် လက်ဆေးပေးခြင်း၊ နေရာချထားပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာ စစ်ဆေးပေးခြင်းနှင့် လိုအပ်သည်များ ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
မန်တုံ(ပြန်/ဆက်)