ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများ အရှိန်အဟုန်မပြတ် ဆက်လက်ထိုးနှံပေး

ငါ့သရောက်  ဒီဇင်ဘာ   ၈

မန္တလေးတိုင်ဒေသကြီး၊ ညောင်ဦးခရိုင် ငါ့သရောက်မြို့တွင် ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး  ထိုးနှံရန် ကျန်ရှိသော အသက်(၁၈)နှစ်မှ စ၍ အသက်(၆၅)နှစ်အထက် ပြည်သူများအားလုံးကို၊ ဆေးထိုးစုရပ် ဖြစ်သည့် ငါ့သရောက်မြို့ တိုက်နယ်ဆေးရုံတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်း ချက်များနှင့်အညီ အရှိန်အဟုန်မပြတ် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံရန် ကျန်ရှိနေသူများကို မြို့အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ မြို့အုပ် ချုပ်ရေးမှူး ဦးခင်မောင်ဝင်း၊ မြို့စခန်းမှူး ဦးအေးကျော်နှင့်ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ မြို့တိုက်နယ်ဆေးရုံရှေ့ လမ်းဆုံတွင်  ဖြတ်သန်းသွားလာသူများကို၊ ဆေးထိုးနှံ  ပြီး/မပြီး စစ်ဆေးပြီး၊ ဆေးထိုးနှံထားခြင်းမရှိသူများကို ကာကွယ်ဆေး ထိုးနှံကြရန် အသိပညာပေး နှိုးဆော်တိုက်တွန်းပေး လျက်ရှိကြောင်းလည်းသိရသည်။ ယနေ့အထိ ငါ့သရောက်မြို့တွင် ကျန်းမာရေးဦးစီးဌာ နဝန်ထမ်းများ၊ မြို့ မီးသတ်ဦးစီးဌာနဝန်ထမ်းများ၊ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်မှုဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထိုးနှံပြီးစီးသူ (၇၈၀၀)ဦးရှိပြီဖြစ်ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးခင်မောင်ဝင်းထံမှ သိရသည်။

ဖြိုးဝေ(ပြန်/ဆက်)