မိတ္ထီလာ ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် မိုးစပါး (Raised Bed)ပေါင်းစနစ်ဖြင့် အထွက်တိုးနည်း စိုက်ပျိုးခြင်း အသိပညာပေးလုပ်ငန်းများကို ယနေ့ နံနက် ၉နာရီအချိန်က ကွက်ငယ်ကျေးရွာ၊ ကွင်းအမှတ် ၁၀၈၂ ၊ ဦးပိုင် အမှတ် ၉၅ ရှိ တောင်သူ ဦးမြင့်လှိုင်၏ မနောသုခစိုက်ဧက နှစ်ဧကတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မိုးစပါးစံကွက်ရိတ်သိမ်းပွဲကျင်းပရာတွင် စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်းက အမှာစကားပြောကြားရာတွင် တောင်သူများကိုယ်တိုင် ပြောင်လဲလာသော ရာသီဥတုနှင့်အညီ ဒေသနှင့် လိုက်လျောညီထွေရှိပြီး သက်တမ်းတို၍ အထွက်နှုန်းကောင်မွန်သော မျိုးစပါးများ ရွေးချယ်စိုက်ပျိုးကြရန်ပြောကြာခဲ့သည်။ထိုနောက် မနောသုခမိုးစပါး စံကွက်ရိတ်သိမ်း ရာ တစ်ဧက စပါးအစို ၉၅.၇၅တင်း ထွက်ရှိခဲ့ကြောင်း သိရသည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာနမှ ဒေသခံတောင်သူများအား မိုးစပါး(Raised Bed)ပေါင်းစနစ်ဖြင့် အထွက်တိုးနည်းစိုက်ပျိုးခြင်း အသိပညာပေးရာတွင် မြို့နယ်ဦးစီးမှူး ဦးမောင်မောင်းငြိမ်းက လယ်ယာ ကဏ္ဍဖွံ့ဖြိုးတိုးတက်ဖို့ဆိုရင် ဦးစွာ စိတ်ဓာတ်ပြုပြင်ပြောင်းလဲရေး၊ မျိုးပြောင်းလဲရေး၊ သိပ္ပံနည်းကျ စိုက်နည်းစနစ်ပြုပြင်ပြောင်းလဲရေး၊ လယ်ကွက်များ၏ ပုံသဏ္ဍန် ပြောင်းလဲရေး၊ လက်မှုလယ်ယာမှ စက်မှုလယ်ယာစနစ်သို့ ပြောင်းလဲရမည်ဖြစ်ပြီး သီးနှံအထွက်နှုန်းတိုးတက်စေရန် နွားချေး၊ တိရစ္ဆာန် အညစ်အကြေး၊ သီးနှံပင်အကြွင်းအကျန်များနှင့် သဘာဝသစ်စိမ်းမြေသြဇာများ ပြုလုပ်သုံးစွဲခြင်းဖြင့် ရရှိလာသည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ရာ တက်ရောက်လာ သော ဒေသခံတောင်သူများက သိရှိလိုသည်များကို မေးမြန်းရာ မြို့နယ်ဦးစီးမှ ပြန်လည်ဖြေကြား ခဲ့သည်။
အဆိုပါ မိုးစပါးစံကွက်ရိတ်သိမ်းပွဲနှင့် မိုးစပါး (Raised Bed)ပေါင်းစနစ်ဖြင့် အထွက်တိုးနည်း စိုက်ပျိုးခြင်း အသိပညာပေးပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြတ်သူအောင်၊ လယ်ယာစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဦးသန်းလှိုင်၊ မြို့နယ်ဦးစီးမှူး ဦးထွန်းအေး၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမောင်မောင်ငြိမ်း နှင့် ဝန်ထမ်းများ၊ ဒေသခံ တောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)