စာပေဖတ်ရှုမှု ပိုမိုမြင့်မားလာစေရေး Mobile စာငှားစနစ်ဖြင့် ၀န်ဆောင်မှုပေး

သုံးခွ ဒီဇင်ဘာ ၈

ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ၀န်ထမ်းများက စာဖတ်ဝါသနာ ပါသူများအား စာပေနှင့် စဉ်ဆက်မပြတ် ထိတွေ့စေ‌‌ရေး အတွက် မိုဘိုင်းစာငှားစနစ်ဖြင့် ယမန်နေ့လယ် ၁၂နာရီ အချိန်က ငါးလုပ်ငန်း ဦးစီးဌာနသို့ Mobile library ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ယခုကာလသည် သုံးခွမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါလျော့ နည်းကျဆင်းလာပြီး ရောဂါပိုး‌တွေ့ရှိမှု နည်းပါးလာသော်လည်း မြို့နယ်ရုံးစာကြည့်တိုက်သို့ လာရောက်၍ စာငှား စာဖတ် မပြုလုပ်နိုင်သော စာဖတ်ပရိတ်သတ် ဌာနဆိုင်ရာ ၀န်ထမ်းများအတွက် Mobile library စနစ်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယနေ့မှာ ငါးလုပ်ငန်းဦးစီးဌာနရှိ ၀န်ထမ်းများအား စာ‌ပေဖတ်ရှုနိုင်စေရေးအတွက် မြို့နယ်ပြန်ကြား‌ရေးနှင့် ပြည်သူ့ဆက်ဆံ‌ ရေး ဦးစီးဌာနရုံးမှ ဦးစီးမှူးနှင့် ၀န်ထမ်းများက ဗဟုသုတဖြစ်ဖွယ် သုတ၊ ရသစာပေများကို ယူဆောင်ငှားရမ်းပေးခြင်းအပြင် စာဖတ်သူများ ဖတ်ရှုလိုရာ စာအုပ်များကိုလည်း ငှားရမ်း‌ပေးလျက် ရှိသည်။

ထို့သို့ Mobile library စနစ်ဖြင့် ငှားရမ်းပေးရာတွင် သမဝါယမအသင်းစုရုံးသို့ တနင်္လာနေ့နှင့် ငါးလုပ်ငန်းဦးစီးဌာနရုံးသို့လည်း အင်္ဂါ‌နေ့တိုင်း အပတ်စဉ် သွားရောက်ငှားရမ်းပေးမည် ဖြစ်ပြီး အခြားဌာနများသို့လည်း သွား‌ရောက်ငှားရမ်းပေးမည်ဖြစ်ကြောင်း သိရသည်။

စည်သူလင်း