မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ သုတစာအုပ်များ လာရောက်လှူဒါန်း

မိုင်းဆတ် ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင် ပြည်သူ့စာကြည့်တိုက်သို့ သုတစာအုပ်များကို စာဖတ်ပရိတ်သတ် ဦးပြည့်ဖြိုးကျော်မှ ယမန်နေ့နံနက်ပိုင်းက လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတပ်ကြပ်ပြည့်ဖြိုးကျော်သည် ပြည်သူ့စာကြည့်တိုက်မှ စာဖတ်ပရိတ်သတ် တစ်ဦးဖြစ်ပြီး စာအုပ်စာစောင်များနေ့စဉ် လာရောက် ငှားရမ်းဖတ်ရှုသူဖြစ်ပြီး အခြားစာဖတ်ပရိတ်သတ်များ ငှားရမ်းဖတ်ရှုနိုင်စေရန်နှင့် ဗဟုသုတများ ထပ်တူရရှိစေရန် ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ သုတစာအုပ် (၂၀) အုပ်ကို ပေးအပ်လှူဒါန်းရာ ရုပ်သံကျွမ်းကျင်-၃ ဒေါ်ခိုင်သဲစုပိုင်က လက်ခံရယူခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

မြင့်မောင်(မိုင်းဆတ်)