ခိုလမ်မြို့တွင် အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး (ဒုတိယအကြိမ်) ထိုးနှံ

ခိုလမ် ဒီဇင်ဘာ

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ခိုလမ်မြို့ အခြေခံပညာ အထက်တန်းကျောင်းနှင့် အမက (မူလွန်) ကျောင်းများတွင် ပညာသင်ယူ လျက်ရှိသော အသက်(၁၂)နှစ်အထက် ကျောင်းသား/ကျောင်းသူများအား ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုမှ ကြိုတင်ကာကွယ် နိုင်ရန် အတွက် ယမန်နေ့နေ့လယ်(၁၃)နာရီ က အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကိုဗစ်-၁၉ ကာကွယ်ဆေး (Sinovac) များကို ဒုတိယအကြိမ်အဖြစ် ထိုးနှံပေးခဲ့သည်။

ထိုသို့ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံသည့် အသက်(၁၂)နှစ်အထက် ကျောင်းသား/ ကျောင်းသူများအား ခိုလမ်မြို့ အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန၊ ကျန်းမာရေးဝန်ထမ်းများ၊   မီးသတ်ဦးစီးဌာန၊ ဌာနဆိုင်ရာများ၊ ပညာရေးဌာနမှ ဆရာ/ဆရာမများ၊ လူမှုရေး အသင်း အဖွဲ့များ ပူးပေါင်း၍ ကျောင်းသား/ကျောင်းသူများကို  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးခဲ့သည်။

ကာကွယ် ဆေးထိုးနှံပြီးသူ ကျောင်းသား/ကျောင်းသူများအား မိနစ်(၃၀)ခန့် အနားယူစေခြင်းနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။

နောင်ဟေးငင်း (ခိုလမ်)