ကျောက်တော်မြို့ မီးသတ်ဦးစီးဌာနမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်

ကျောက်တော်  ဒီဇင်ဘာ ၈

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ကျောက်တော်မြို့နယ် မီးသတ်ဦးစီးဌာနမှ ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ်အတွက် အရန်မီးသတ် တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအား ယမန်နေ့ နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှိ ကစ္ဆပနဒီ ခန်းမ အစည်းအဝေး ခန်းမအတွင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းဖွင့်တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးကျော်စွာညွှန့်က သင်တန်းဖွင့် အမှာစကားပြောကြားသည်။

ဆက်လက်၍ မြို့နယ်မီးသတ် ဦးစီးဌာန၊ ဦးစီးအရာရှိ ဦးဌေးမင်းနိုင်က သင်တန်းသား များအား အမှာစကားပြောကြားရာတွင် မြို့နယ်အတွင်း အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ) သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များဖြစ်သည့် မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ် အမျိုးမျိုးတို့မှ ကာကွယ်တားဆီးရေး၊ နိုင်ငံတော် လုံခြုံရေးနှင့် ကာကွယ်ရေး တာဝန်များကို ထမ်းဆောင်နိုင်ရန်အတွက် အရန်မီးသတ် တပ်ဖွဲ့တင်များအား မီးသတ်ပညာရပ်များ၊ အသက်ကယ်ဆယ်ရေး ပညာရပ်များနှင့် အခြေခံလက်နက်မဲ့ စစ်ရေးပြ လေ့ကျင့်ပေးရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ရခြင်း ဖြစ်ကြောင်း အကျယ်တစ်ဝင့် ရှင်းလင်း ပြောကြားခဲ့သည်။

ယခုဖွင့်လှစ်သော သင်တန်းတွင် သင်တန်းသား(၅၀)ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ (၁)လကြာမြင့်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အရန်မီးသတ် သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)