ကိုဗစ်-၁၉ရောဂါကူးစက်မှုများကြိုတင်ကာကွယ်ရေးနှင့် ကာကွယ်ဆေးထိုးနှံကြရန် နှိုးဆော်ဆောင်ရွက်

တကောင်း     ဒီဇင်ဘာ    ၈

 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ သပိတ်ကျင်းမြို့နယ်၊ တကောင်းမြို့တွင် လက်တလော ဖြစ်ပွားနေသည့် အသက်ရှုလမ်းကြောင်းဆိုင်ရာ  ကိုဗစ်-၁၉ ရောဂါဆက်လက်ကူးစက်ပြန့်နှံ့နေမှု အခြေအနေအရ ကူးစက်ပြန့်ပွားမှုလျော့နည်းပပျောက်စေရေး၊ ထိရောက်စွာကာကွယ်ထိန်းချုပ်နိုင် စေရန်နှင့် ကာကွယ်ဆေးထိုးနှံနိုင်ရေးအား ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်နိုင်ရေးကြီးကြပ်မှု ကော်မတီ မှ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား မြို့အတွင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများကမြို့ ပေါ်ရှိ ရပ်ကွကများသို့ အသိပေးနှိုးဆော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးနှိုးဆော်ရာတွင် အသက်(၁၈)နှစ်နှင့်အထက် ဒေသခံပြည်သူများအား ကိုဗစ် -၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်လာရောက်ထိုးနှံကြရန်၊ ဒုတိယအကြိမ် ကာကွယ် ဆေးထိုး ရန်ကျန်ရှိသည့် ဒေသခံပြည်သူများအနေဖြင့် သက်မှတ်ထားသည့် စုရပ်များတွင် ကာကွယ်ဆေး လာရောက်ထိုးနှံကြရန်၊  နေအိမ်မှ ပြင်ပသို့ထွက်လျှင် ပါးစပ်/ နှားခေါင်းစည်း (Mask) တပ်ဆင် ပြီးမှ သွားလာကြရန်၊ လက်ကိုဆေးကြောခြင်းမပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်စေ့တို့ကို ပွတ်သတ်  ခြင်း၊ ကိုင်တွယ်ခြင်းနှင့် ထိတွေ့ခြင်းမပြုကြပါရန်၊ သက်ကြီးရွယ်အိုများနှင့်ဆီးချို၊သွေးတိုး နှလုံးရောဂါ ခံရှိသူများရောဂါကူးစက်ခံရပါက ဝေဒနာပြင်းထန်စွာခံစားရပြီး အသက်အန္တရာယ် ထိခိုက်နိုင် ကြောင်း၊ ရောဂါပိုးကူးစက်ခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ဆက် သွယ်၍ မပျက်မကွက် စစ်ဆေးကုသမှုခံယူကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနက အချိန်နှင့်တပြေးညီ  ထုတ်ပြန်ထားသည့် ညွှန်ကြားချက်များအားသိရှိ လိုက်နာဆောင်ရွက်နိုင်စေရေးအတွက် အရှိန် အဟုန် မြှင့်နှိုးဆော်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

သီရိအောင် (တကောင်း)