မိုင်းခတ်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားအသိပညာ​ပေး ​ဟော​ပြောပွဲ၊သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ​ ထောက်ပံ့​ပေးအပ်

မိုင်းခတ်  ဒီဇင်ဘာ  ၇

ရှမ်းပြည်နယ်(အ​ရှေ့ပိုင်း) မိုင်းခတ်မြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားအသိပညာ​ပေး​ ဟော​ပြောပွဲ၊သရုပ်ပြပွဲနှင့် အားကစားပစ္စည်းများ​ ထောက်ပံ့​ပေးအပ်ပွဲကို ယ​နေ့နံနက်ပိုင်းက အ​ခြေခံပညာအထက်တန်း​ကျောင်း၌ ကျင်းပပြုလုပ်သည်။

ရှေးဦးစွာ ​ကျောင်းအုပ်ဆရာကြီး ဦးမောင်မြင့်လွင်က အဖွင့်အမှာစကား​ပြောကြားခဲ့ပြီး အားကစားနှင့်ကာယပညာဦးစီးဌာနမှ နည်းစနစ်မှူး ဦးကျော်​ဌေးက အားကစားဆိုင်ရာသိ​ကောင်းစရာများ​ ဟော​ပြော​ပေးခဲ့သည်။​ ထို့​နောက် မိုင်းခတ်Fitness Danceအဖွဲ့မှ သရုပ် ပြသခဲ့ပြီး​ ကျောင်းအုပ်ဆရာကြီးနှင့်​ကျောင်းသား/သူများကို အားကစားပစ္စည်းများအား တာဝန်ရှိသူများက​​​ ထောက်ပံ့​ပေးအပ်ခဲ့သည်။

အဆိုပါ​ ထောက်ပံ့​ပေးအပ်ပွဲကို​ အားကစားနှင့်ကာယပညာဦးစီးဌာနမှ တာဝန်ရှိသူများ​၊​ ကျောင်းအုပ်ကြီးနှင့် ဆရာ/မများ၊​ ကျောင်းသား/သူများ တက်​ရောက်ခဲ့ကြပြီး ကိုဗစ်-၁၉ ကာကွယ်​ရေး လမ်းညွှန်ချက်များနှင့်အညီ ကျင်းပပြုလုပ်ခဲ့​ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)