တန့်ယန်း ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(မြောက်ပိုင်း) တန့်ယန်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Sinopharm အား အသက် ၁၈ နှစ် အထက်နှင့် ကာကွယ်ဆေးထိုး အုပ်စုများအလိုက် အမှတ်(၁) ရပ်ကွက်ရှိ လှဧကရီခန်းမ၊ အမှတ် (၅) ရပ်ကွက်၊ အမှတ်(၈)ရပ်ကွက်တို့တွင် ယမန်နေ့နံနက် ၉ နာရီမှစတင်ကာ ကွင်းဆင်း၍ ဆက်လက် ထိုးနှံပေးနေသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေမှုကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်နှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြီးကြပ်၍ မြို့နယ်ကျန်းမာရေးဌာနမှ ဝန်ထမ်းများ၊ နယ်မြေခံ အမှတ်(၃) တပ်မတော်ဆေးရုံ(ခုတင်-၂၅)မှ ဆရာဝန်နှင့် သူနာပြုများက ထိုးနှံ ပေးရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် တာဝန်ရှိသူများ၊ လူမှုရေးအသင်း အဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ဆက်လက်၍လည်း ကာကွယ်ဆေးအား ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
မင်းလွင်ဦး(ပြန်/ဆက်)