တံတားဦး ဒီဇင်ဘာ ၈
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် သမဝါယမအသင်းစုလီမီတက်၏ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်နှင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်ရပ်ရပ်ဆိုင်ရာ အစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီက တံတားဦးမြို့ အင်းဝခန်းမ၌ ကျင်းပကြောင်းသိရသည်။
ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီး သမဝါယဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဆန်းလင်း၊ မန္တလေးတိုင်းဒေသကြီး သမဝါယမအသင်းစုချုပ် ဒုတိယ ဥက္ကဋ္ဌ ဦးထွန်းလှိုင်တို့က အမှာစကားအသီးသီးပြောကြားသည်။ ဆက်လက်၍ တံတားဦးမြို့နယ် သမဝါမဦးစီး ဌာန မြို့နယ်ဦးစီးမှူး ဦးမျိုးသိန်းက နှစ်ပတ်လည်အရပ်ရပ်ဆိုင်ရာ အစည်းအဝေးကျင်းပနိုင်ရေးအတွက် လမ်းညွှန် အမှာစကား ကိုလည်းကောင်း၊ မြို့နယ်သမဝါယမအသင်းစုဥက္ကဋ္ဦးဌေးဦးက (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်နှင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် နှစ်ပတ်လည်အစည်းအဝေး ကျင်းပရခြင်း၏ ရည်ရွယ်ချက် များကိုလည်းကောင်း အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ မြို့နယ် သမဝါယမအသင်းစုမှ လုပ်ငန်းစဉ်အစီရင်ခံစာနှင့် ရှေ့လုပ်ငန်းစဉ် အကြောင်းကို လည်းကောင်း၊ (၂၀၁၉-၂၀၂၀) ဘဏ္ဍာရေးနှစ်နှင့် (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် ရှင်းတမ်းများနှင့် အမြတ်ခွဲဝေမှု စာရင်းများ၊ လုပ်ငန်းလုပ်ဆောင်မှုဘတ်ဂျက် အကြောင်းကိုလည်းကောင်း၊ အသင်းသားစာရင်းစစ် အစီရင်ခံစာ ကိုလည်းကောင်း တာဝန်ရှိသူများက အသီးသီးရှင်းလင်းတင်ပြဆွေးနွေးကြကြောင်း သိရှိရသည်။
ရဲတင့်(တံတားဦး)