ပင်းတယ ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ရှိ အသက် ၂ လမှ ၂နှစ် အောက်ကလေးငယ်များကို ယနေ့ နံနက် ၉ နာရီမှစ၍ အော်ရောရပ်ကွက်ရှိ မိခင်နှင့်ကလေး ကျန်းမာရေးဦးစီးဌာနတွင် ကလေးကာကွယ်ဆေးများ ထိုးနှံ/တိုက်ကျွေး လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကလေးကာကွယ်ဆေး ထိုးနှံ/တိုက်ကျွေးရာတွင် အသက် ၂ လ အရွယ် ကလေးများ ကို ဘီဂျီစီ၊ ပိုလီယိုသောက်ဆေး၊ ပီစီဗီ၊ ငါးမျိုးစပ်၊ (၄) လ အရွယ်ကလေးငယ်များကို ပိုလီယိုသောက်ဆေး၊ ပီစီဗီ၊ ပိုလီယိုထိုးဆေး၊ ငါးမျိုးစပ်၊ (၆) လ ကလေးများကို ပိုလီယို၊ ပီစီဗီ၊ ငါးမျိုးစပ်၊ (၉) လအရွယ် ကလေးများကို ဝက်သက်- ဂျိုက်သိုး၊ ဂျပန် ဦးနှောက်ရောင်၊ (၁)နှစ်ခွဲ အရွယ် ကလေးများကို ဝက်သက်-ဂျိုက်သိုး ကာကွယ် ဆေးများထိုးနှံ/တိုက် ကျွေးပေးခြင်းဖြစ်ကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
မိုးမိုးထွေး