ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးညွှန်ကြားချက်များနှင့်အညီ အခြေခံပညာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်

ကွန်ဟိန်း ဒီဇင်ဘာ ၈

ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌  အခြေခံပညာကျောင်းများ ဒီဇင်ဘာလ ၆ ရက်နံနက်ပိုင်းမှစတင်၍ ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး ညွှန်ကြားချက် များနှင့်အညီ စနစ်တကျပြန်လည် ဖွင့်လှစ်ခဲ့သည်။

ကွန်ဟိန်းမြို့နယ်တွင် အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်၍ ကျောင်းသား ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားလျက်ရှိပြီး ဆရာ/ဆရာမများ ကျောင်းဝင်ပေါက်တွင် အပူချိန်တိုင်းပေးခြင်း၊ နှာခေါင်းစည်း (Mask) များတပ်ဆင်စေခြင်း၊ လက်ဆေးခြင်း ဆောင်ရွက်ပေးလျက်ရှိပြီး ကျောင်းသား ကျောင်းသူများ ကိုဗစ်-၁၉စည်းကမ်းချက်များနှင့်အညီ အေးချမ်းတည်ငြိမ်စွာ ပညာသင်ကြားလျက်ရှိသည်။

ကွန်ဟိန်းမြို့နယ်တွင်   မူလတန်း၊ အလယ်တန်းနှင့် အထက်တန်းအဆင့် အခြေခံပညာကျောင်း ၅၂ ကျောင်းရှိသည့်အနက် ကျောင်းပေါင်း ၂၆ ကျောင်းဖွင့်လှစ်သင်ကြားလျက်ရှိကြောင်း သိရသည်။

ပြည့်(ပြန်/ဆက်)