ရွှေကူ ဒီဇင်ဘာ ၈
ကချင်ပြည်နယ်၊ဗန်းမော်ခရိုင်၊ရွှေကူမြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရှိ ပြည်သူ့စာကြည့်တိုက်အတွက် စာအုပ်စာစောင်များတိုးပွားစေရန် မြို့နယ် အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများတို့က စုပေါင်း၍ သုတ/ရသစာအုပ်စာစောင်များနှင့် အလှူငွေ လှူဒါန်းပွဲကို ဒီဇင်ဘာလ ၈ ရက် နံနက် ၁၀ နာရီက ရွှေကူမြို့နယ်လူထုအခြေပြုဗဟိုဌာန (Community Center)ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ စာအုပ်စာစောင်လှူဒါန်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်ထွန်းက အဖွင့်အမှာစကားပြောကြားရာတွင် စာပေအလှူသည် ပညာအလှူဖြစ်သောကြောင့် မြတ်သော အလှူလည်းဖြစ်ကြောင်း၊ စာပေဖတ်ရှု့လေ့လာခြင်းဖြင့် ပြည်သူများ အသိပညာ ဗဟုသုတ တိုးပွားစေခြင်းဖြင့် အမှားနှင့်အမှန်ကို ဝေဖန်ပိုင်းခြားတတ်နိုင်မည်ဖြစ်ကြောင်း၊ စာ ဖတ်ခြင်းမှ ရရှိသည့် အသိပညာဗဟုသုတများဖြင့် လူနေမှုဘဝတိုးတက်မြင့်မားလာနိုင်ကြောင်းနှင့် စာဖတ် ပရိတ်သတ်များ စာပေဖတ်ရှု့လေ့လာမှုများ တိုးပွားလာစေရန် ယခုလိုပူးပေါင်းဆောင်ရွက် ခြင်းဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ခင်ပပသိန်းက လှူဒါန်းပေးမှု အတွက် ကျေးဇူးတင်ကြောင်း ပြန်လည်ပြောကြားခဲ့သည်။
ထို့နောက် သုတ/ရသ စာအုပ်စာစောင်များနှင့်အလှူငွေများကို လှူဒါန်းခဲ့ကြရာ မြို့နယ် အုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမြင့်ထွန်းက စာအုပ်စာစောင် (၂၁)အုပ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးကျော်မိုးသွင်က အလှူငွေ(၂၀၀၀ဝိ/)ကျပ်၊ မြို့နယ်ရဲမှူးတင့်နိုင်က ( ၅၀၀၀ဝိ/) ကျပ်၊ မြို့နယ်ပညာရေးမှူး ဦးအောင်ဆွေက (၅၀၀၀ဝိ/)ကျပ်၊ လဝက ဦးစီးမှူးဦးအောင်နိုင်ညွှန့် က (၂၀၀၀ဝိ/)ကျပ်၊ စီမံကိန်းဦးစီးမှူး ဒေါ်ခင်ခင်စန်းက (၁၀၀၀ဝိ/)ကျပ်၊ သစ်တောဦးစီးမှူး ဦးသန်းထွန်းဦးက (၁၀၀၀ဝိ/)ကျပ်၊ အမှတ်(၂)သတ္တုလုပ်ငန်းတာဝန်ခံ ဦးမြင့်နိုင်က (၁၀၀၀ဝိ/) ကျပ်၊ အခွန်ဦးစီးဌာန(၁၀၀၀ဝိ/) သစ်တောဦးစီးမှူး ဦးထွန်းသန်းဦးက (၁၀၀၀ဝိ/)ကျပ်၊ သမဦးစီးမှူး ဦးဝင်းအောင်က စာအုပ်စာစောင်(၁၀)အုပ်၊ စိုက်ပျိုးရေးဦးစီးမှူး ဦးလိုင်မင်းဦး က (၅)အုပ်၊ အား/ကာဦးစီးမှူး ဦးမျိုးခန့်မောင်က စာအုပ်စာစောင်(၁၀)အုပ်၊ စုစုပေါင်း သုတ/ရသ (၄၆)အုပ်နှင့် အလှူငွေစုစုပေါင်း(၁၉၀၀၀ဝိ/)တို့ကို အသီးသီးလှူဒါန်းပေးအပ်ခဲ့ရာ မြို့နယ်ဦးစီးမှူး ဒေါ်ခင်ပပသိန်းက လက်ခံရယူခဲ့ ကြောင်း သိရှိရသည်။
မြို့နယ်