သုံးခွမြို့နယ်တွင်(၁၆)ကြိမ်မြောက် China Exim Bank ချေးငွေများ ပြန်လည်ကောက်ခံရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေးကျင်းပ

သုံးခွ ဒီဇင်ဘာ ၈

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် သုံးခွမြို့နယ် သမဝါယမ အသင်းစုလီမီတက်ရုံးတွင် (၁၆)ကြိမ်မြောက်China Exim Bank ချေးငွေများပြန်လည်ကောက်ခံရေးလုပ်ငန်း ညှိနှိုင်း အစည်းအဝေးကို ယမန်နေ့နံနက်၁၀နာရီခွဲက ကျင်းပကြောင်းသိရသည်။

ပထမဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်သမဝါယမ ဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နွယ်နွယ်အေးကChina Exim Bankချေးငွေနှင့်ပတ်သက်၍လည်းကောင်း သမဝါယမအသင်း ရေရှည်တည်တံ့ရေးအတွက် လည်းကောင်း ရှင်းလင်းပြောကြားပြီး မြို့နယ်သမဝါယမအသင်းစုလီမီတက်ဥက္ကဋ္ဌ ဦးဇော်ဝင်းက ချေးငွေအတိုးများကို ဒီဇင်ဘာလ(၂၅)ရက်မှ (၃၁)ရက် သတ်မှတ်ရက်အတွင်း ပြန်လည် ကောက်ခံ ရေး ဆွေးနွေးပြောကြားသည်။ 

ထို့နောက်တက်ရောက်လာသောရပ်ကွက်နှင့်‌ ကျေးရွာများမှ အခြေခံသမဝါယမအသင်းများ မှဥက္ကဋ္ဌများနှင့် အမှုဆောင်များကချေးငွေကိစ္စနှင့် ပတ်သက်၍ ပြန်လည်ဆွေးနွေး တင်ပြကြသည်။

သုံးခွမြို့နယ်တွင် သမဝါယမဦးစီးဌာနနှင့် မြို့နယ်သမဝါယမ အသင်းစုလီမီတက်တို့ ပူးပေါင်း၍ မြို့နယ်အတွင်း အခြေခံသမဝါယမအသင်း ပေါင်း(၇၀)အား စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်နိုင်ရန်တိုင်း အဆင့်ပံ့ပိုးချေးငွေ၊ အစုနှင့် စုဆောင်းငွေ အပါအ၀င်၂၀၇၆ဒသမ၁၇၁၀၅ကျပ်သန်းအား ထုတ်ချေးပေးခဲ့ပြီး ထုတ်ယူသူ တစ်ဦးသည် ငွေတစ်ရာလျှင် နှစ်ကျပ်တိုးဖြင့် ခြောက်လစာ အတိုးနှင့် အရင်းပေးသွင်းရမှာ ဖြစ်ကြောင်းသိရသည်။

စည်သူလင်း