ကွန်ဟိန်း ဒီဇင်ဘာ ၈
ရှမ်းပြည်နယ် (တောင်ပိုင်း) ကွန်ဟိန်းမြို့၌ အသက်နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များအား ပုံမှန် ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် (၈) နာရီခွဲအချိန်ခန့်ကစတင်၍ မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ အသက် နှစ်လမှ တစ်နှစ်ခွဲအောက် ကလေးငယ်များ လစဉ်တစ်လခြား ပုံမှန်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ တိုက်ကျွေး ခြင်း၊ ကိုယ်ဝန်ဆောင် မိခင်များအား ကျန်းမာရေးစစ်ဆေးပေးခြင်းများ ပြုလုပ်ပေးခဲ့ပြီး ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအတွက် ကျန်းမာရေး လမ်းညွန်ချက်များနှင့်အညီ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပြည့်(ကွန်ဟိန်း)