ဇေယျာသီရိ ဒီဇင်ဘာ ၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ယမန်နေ့နံနက်ပိုင်းက ပြည်သူ့စာကြည့်တိုက်အတွင်း၌ ကျင်းပခဲ့သည်။
ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနအနေဖြင့် ပြည်သူများ အသိပညာဗဟုသုတရရှိစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး Talk Show ကို ဥတ္တရခရိုင် အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ပွင့်ဖြူဇင်သက်နှင့် ဇေယျာသီရိမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်မြစန်းရီတို့က ကလေး အလုပ်သမား သတ်မှတ်ထားသည့် အသက်အရွယ်အပိုင်းအခြား၊ လူငယ်များခိုင်းစေခြင်းဆိုင်ရာ သိကောင်းစရာများ၊ နေပြည်တော်ကောင်စီ ကလေးအလုပ်သမား ပပျောက်ခြင်းဆိုင်ရာ ကော်မတီနှင့် လုပ်ငန်းကော်မတီ(၈)ရပ်၏ ဆောင်ရွက်ချက်များ၊ ၁၉၅၁ ခုနှစ် အလုပ်ရုံများ အက်ဥပဒေ၊ ၂၀၁၆ ခုနှစ် အလုပ်ဌာနများဆိုင်ရာဥပဒေ၊ ၁၉၅၁ ခုနှစ် ခွင့်ရက်နှင့်အလုပ်ပိတ်ရက် ဥပဒေ၊ ၂၀၁၆ ခုနှစ် အခကြေးငွေ ပေးချေရေးဥပဒေပါ ကလေးအလုပ်သမားများအား ကာကွယ် ပေးထားသည့် ဥပဒေပါအခွင့်အရေးများအကြောင်းကို ဆွေးနွေးခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဇေယျာသီရိမြို့နယ်ရုံးမှ ရိုက်ကူးထုတ်လွှင့်သည့် အဆိုပါ Talk Show အပြည့်အစုံကို ဇေယျာသီရိမြို့နယ် ပြည်သူ့စာကြည့်တိုက် Facebook page တွင်ဝင်ရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ထွန်းလင်း(ပြန်/ဆက်)