မိုင်းရှူးမြို့နယ်တွင် ဒီဇင်ဘာ ၇ ရက်နေ့၌ ကိုဗစ်-၁၉ ရောဂါ လူနာအသစ် (၁၂) ဦး စစ်ဆေး တွေ့ရှိ၊ ကျန်းမာရေးကောင်းမွန်သူ (၂) ဦး ဆေးရုံဆင်း

မိုင်းရှူး ဒီဇင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုင်းရှူးမြို့နယ် ပြည်သူ့ဆေးရုံမှ(၅၂)ဦး၊ လွိုင်ဆောင်ထောက် ဆေးရုံမှ (၄၀) ဦး၊ ပေါင်း (၉၂) ဦးကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ Test Kit ဖြင့် စစ်ဆေးရာ မိုင်းရှူးမြို့နယ်ပြည်သူ့ဆေးရုံမှ အမျိုးသား(၅)ဦး၊ အမျိုးသမီး(၄)ဦး၊ ပေါင်း(၉)ဦး၊ လွိုင်ဆောင် ထောက်တိုက်နယ်ဆေးရုံမှ အမျိုးသား(၂)ဦး၊ အမျိုးသမီး(၁)ဦး ပေါင်း (၃)ဦး၊ စုစုပေါင်း (၁၂) ဦးတို့တွင် ကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ရှိကြောင်း သိရပြီး လွိုင်ဆောင်ထောက်တိုက်နယ်ဆေးရုံမှ ကျန်းမာရေးကောင်းမွန်သူ အမျိုးသား (၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ ဆေးရုံဆင်းခဲ့ကြောင်း သိရသည်။

မိုင်းရှူးမြို့၌ ဇူလိုင်လ ၄ ရက်နေ့မှ ဒီဇင်ဘာလ ၇ ရက်နေ့အထိ ကိုဗစ်-၁၉ရောဂါပိုးတွေ့ အတည်ပြု လူနာ(၄၅၈)ဦး၊ ဆေးရုံဆင်းသူ ပေါင်း(၄၂၈)ဦး၊ ကုသဆဲ(၁၈)ဦး၊ သေဆုံးသူပေါင်း(၁၂) ဦး၊ လွိုင်ဆောင်ထောက် တိုက်နယ်ဆေးရုံတွင် ဇူလိုင်လ(၅)ရက်နေ့မှ ဒီဇင်ဘာလ ၇ ရက်နေ့အထိ ပိုးတွေ့အတည်ပြုလူနာ (၁၆၀) ဦး၊ ဆေးရုံဆင်းသူ ပေါင်း(၁၄၅) ဦး​၊ ကုသဆဲ(၅) ဦး၊ သေဆုံး(၁၀)ဦး၊ မိုင်းစံတိုက်နယ်ဆေးရုံတွင် သြဂုတ်လ (၁၁) ရက်နေ့မှ ဒီဇင်ဘာလ ၇ ရက်နေ့အထိ  ပိုးတွေ့အတည်ပြုလူနာ (၆)ဦး၊ ဆေးရုံဆင်းသူ(၆)ဦးရှိကြောင်း သိရသည်။

မိုင်းရှူးမြို့နယ်အတွင်း ဇူလိုင်လ(၄)ရက်နေ့မှ ဒီဇင်ဘာလ ၇ ရက်နေ့အထိ ပိုးတွေ့အတည်ပြု လူနာပေါင်း(၆၂၄)ဦး၊ ဆေးရုံ ဆင်းသူပေါင်း (၅၇၉)ဦး၊ သေဆုံးသူ(၂၂)ဦးရှိပြီး အတည်ပြုလူနာ (၂၃)ဦးမှာ ဆေးကုသမှုခံယူလျက်ရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)