တံတားဦးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူ၏ ရင်တွင်း စကားသံများ

တံတားဦး  ဒီဇင်ဘာ  

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများကို မြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ် ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ဦးဆောင်၍ မြို့နယ်အဆင့် ဌာနဆိုင် ရာများ၊ စေတနာ့ရှင် ပြည်သူများ ပူးပေါင်းပြီး အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ရောဂါကူးစက်မှု ခံရပြီး နောက် ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူ တစ်ဦး၏ ရင်တွင်းစကားသံများအသံအချို့ကို ဖော်ပြပေး လိုက်ပါတယ် -

မေး။     အဒေါ်ရဲ့ အမည် ၊ အသက် ၊ နေရပ်လိပ်စာနဲ့ အလုပ်အကိုင်ဖြေကြား‌ပေးပါလားခင်ဗျာ ။

ဖြေ။     ကျွန်မနာမည်ကတော   ဒေါ်စန်းရီဖြစ်ပါတယ် ၊ အသက်က(၇၀)နှစ်ရှိပါပြီ ၊ နေရပ်ကတော့   

 အမှတ်(၃)ရပ်ကွက် ၊ တစီးရှင်ရပ်မှာနေထိုင်ပြီး အလုပ်အကိုင်ကတော့ မှီခိုပါ ။

မေး၊     ကိုဗစ်-၁၉ရောဂါ အဒေါ်ဘယ်လိုစတင်ဖြစ်လာခဲ့ပါသလဲ ။

ဖြေ။     ကိုဗစ်-၁၉ရောဂါ စဖြစ်ပြီးကိုယ်အပူချိန်တွေ အရမ်းတက်လာပါတယ်။ သုံးရက်လောက်က အနံ့

            ပျောက်သွားတယ် ။

မေး။     ရောဂါဖြစ်ပွားတဲ့အချိန်မှာ ဘယ်လိုနေထိုင်ခဲ့လဲအဒေါ် ။

ဖြေ။     ရောဂါပိုးရှိတယ်ဆိုတာ သိရပြီးနောက်မှာ ကျန်းမာရေး ဝန်ကြီးဌာနက တာဝန်ရှိသူများရဲ့

            ညွှန်ကြားချက်အတိုင်း နေထိုင်ပါတယ် ။ အိမ်မှာမိသားစုနဲ့ အစားအသောက်အားလုံး သီးခြား

            နေထိုင်စားသောက်ပါတယ် ။

မေး။     ကျန်းမာရေးကောင်းမွန်လာအောင် ဘယ်လိုတွေ ဆောင်ရွက်ခဲ့လဲ ။

ဖြေ။     ဆေးကိုပုံမှန်သောက်တယ် လေ့ကျင့်ခန်းတွေ ပုံမှန်လုပ်တယ်၊ အိပ်ရေးဝဝအိပ်တယ် ၊ အစား

            အသောက်ပုံမှန်စားသောက်ပါတယ်   

မေး။     အများပြည်သူတွေကိုရော ဘယ်လိုနေထိုင်သားရမယ်ဆိုတာ အကြံပြုပေးပါလားအဒေါ် ။

ဖြေ။     ဒီရောဂါကူးစက်ခံရပြီဆိုရင်   စိတ်ဓာတ်ကျမသွားဖို့  အဓိကပြောချင်ပါတယ်       ကိုယ်ခံ

            အားကောင်းဖို့လည်းအရေးကြီးပါတယ်၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ညွှန်ကြားချက်

            တွေကိုလည်း လိုက်နာကြပါ ၊ အပြင်ထွက်တိုင်း Mask နှာခေါင်းစည်တပ်ဆင်ပြီးမှသွားလာကြပါ

၊ အပြင်က ပြန်လာတိုင်း ၊ အရာဝတ္ထုတစ်ခုခုကို ကိုင်တွယ်ပြီးတိုင်းလက်ဆေးကြပါ ၊ ကိုဗစ်-၁၉

ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသူများလည်း ကာကွယ်ဆေးထိုးဖြစ်အောင် ထိုးပေးကြပါ၊ အဲဒါမှဒီရောဂါဆိုးကြီးကနေ ကင်းဝေးဘို့ ပြည်သူများအနေဖြင့် မပျက်မကွက် ထိုးနှံကြပါလို့ အဒေါ်အနေနဲ့ တိုက်တွန်းပြောကြားလိုပါတယ်။

အခုလို ပြည့်ပြည့်စုံစုံဖြေကြားပေးတဲ့အတွက် အဒေါ်ကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာ။

ရဲတင့်    (တံတားဦး)