ဟိုပုံးမြို့နယ်၌ ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကျေးရွာအရောက် အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေး

ဟိုပုံး   ဒီဇင်ဘာ    ၇

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်၌ မြန်မာနိုင်ငံသားများ ဖြစ်ကြသောတိုင်းရင်းသားများနှင့် ဥပဒေအရ နိုင်ငံသားများအား ဥပဒေနှင့်အညီ အိမ်ထောင်စုလူဦးရေ စာရင်းနှင့် ကိုင်ဆောင်သင့်သောကတ်တစ်မျိုးမျိုးထုတ်ပေးနိုင်ရန် ရည်ရွယ်၍ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးမှူးရုံးမှဝန်ထမ်းများက ပန်းခင်းစီမံချက်ဖြင့် ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ယမန်နေ့နံနက်၁၀နာရီအချိန်တွင် နောင်ဒေးကျေးရွာအုပ်စုအတွင်းရှိ ဒေသခံပြည်သူများသို့  အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးခဲ့သည်။    

ထိုသို့ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဟိုပုံးမြို့နယ် ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကိုကိုလင်း၏ ဦးဆောင်ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ဟိုပုံးမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက နောင်ဒေး ကျေးရွာအုပ်စုအတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်နှင့်ပတ်သက်၍ ရှင်းလင်းဟောပြောခြင်း၊ နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသူများကို နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ပေးခြင်း၊ နိုင်ငံသား စိစစ်ရေးကတ်ပြားလဲလှယ်ပေးခြင်း၊ ပျက်စီး/ပျောက်ဆုံးသူများကို မိတ္တူပြုလုပ် ပေးခြင်းနှင့် အိမ်ထောင်စုဆိုင်ရာ မွေးဖွား၊ သေဆုံး ပြောင်းဝင်၊ ပြောင်းထွက် အိမ်ထောင်စု လူဦးရေစာရင်းများကို အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ရပ်ကွက်/ကျေးရွာအုပ်စုများသို့ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခြင်းကို ၂၀၂၁ ခုနှစ်၊ မေလ(၃)ရက်နေ့မှ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာလ(၃)ရက်နေ့အထိ ဆောင်ရွက်သွားမည်ဖြစ်ရာ ပြည်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေ ရန်အတွက် အသိပညာပေးဆွေးနွေးခြင်း၊ ဗီနိုင်းပိုစတာများစိုက်ထူခြင်း၊ လက်ကမ်းစာစောင် များဖြန့်ဝေခြင်း စသည့်ပညာပေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ သိရသည်။

ဟိုပုံးခရိုင်(ပြန်/ဆက်)