နမ္မတူမြို့နယ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံရန် ကျန်ရှိသည့် အသက် (၁၈) နှစ်နှင့်အထက် တိုက်ပွဲရှောင်ပြည်သူများနှင့် ပြည်သူများအား ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

နမ္မတူ ဒီဇင်ဘာ ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး ကော်မတီအနေဖြင့် ဦးတည်အုပ်စုများ အလိုက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက် ရှိရာ ယနေ့နံနက်ပိုင်းတွင် ပန်ဟိုက်ရပ်ကွက်ရှိ မြို့တော်ခန်းမ၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံရန်ကျန်ရှိသည့် အသက် (၁၈) နှစ်နှင့်အထက် တိုက်ပွဲရှောင်ပြည်သူများနှင့် ဒေသခံပြည်သူများ အား ကာကွယ်ဆေးများ ထပ်မံထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ထိုးနှံပေးရာတွင် မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးကော်မတီမှ အဖွဲ့ဝင်များ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများ၊ လူမှုကူညီရေး အသင်း အဖွဲ့ဝင်များနှင့် မြို့နယ်တွင်းရှိဌာနဆိုင်ရာဝန်ထမ်းများက ပူးပေါင်း၍ မန်နေ့တွင် အသက် (၁၈) နှစ်နှင့်အထက် တိုက်ပွဲရှောင်ပြည်သူ ၃၂ ဦးနှင့် ပြည်သူ ၂၄၈ ဦးအားလည်းကောင်း၊ ယမန်နေ့နံနက် ပိုင်းတွင် ပြည်သူ ၁၀၀ ဦးအားလည်းကောင်း စုစုပေါင်း ၃၈၀ ဦးအား ပထမအကြိမ် Sinopharm အမျိုးအစား ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ပြည်သူ့ဆေးရုံမှ တာဝန် ရှိသူတစ်ဦးကပြောသည်။

နမ္မတူမြို့နယ်တွင် ဦးတည်အုပ်စုများအလိုက်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိရာ ယနေ့နံနက်ပိုင်း အချိန်အထိ ကာကွယ်ဆေးနှစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၄၇၂၈ဦး၊ ကျောင်းသား/ကျောင်းသူ ၆၀၂ဦး၊ ကာကွယ်ဆေးတစ်ကြိမ် ထိုးနှံပြီးသည့် ဒေသခံပြည်သူ ၄၆၃ ဦးနှင့် ကျောင်းသား/ကျောင်းသူ ၃၀၈ဦး၊ စုစုပေါင်း ကာကွယ်ဆေးထိုးနှံပြီးသည့် ပြည်သူများနှင့် ကျောင်းသား/ကျောင်းသူ ၁၁၀၁ ဦး ရှိကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီမှ တာဝန်ရှိသူတစ်ဦးထံက သိသည်။

လူမော် (ပြန်/ဆက်)