မိုင်းယန်း ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းယန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးရှေ့ရှိ မြေစိုက်နံရံပြဘုတ်တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်နိုင်ရေး အတွက် ကိုဗစ်-၁၉ အသိပညာပေးစာစောင်နှင့် ကျန်းမာရေးဆိုင်ရာအသိပညာပေးစာစောင်များကို ဒီဇင်ဘာ ၇ ရက် နံနက် ၁၀ နာရီက ပြသဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အသိပညာပေးနံရံကပ်စာစောင်များပြသရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် တစ်ဦးနှင့်တစ်ဦးအချင်းချင်း အသိပေး/သတိပေးပြောကြားရမည့်အချက်များ၊ သင်ကြား၊ သင်ယူမှု မထိခိုက်စေဖို့ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးကြပါစို့၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးအား သတ်မှတ်ထားသော အကြိမ်ရေအားလုံးထိုးနှံမှသာ ရောဂါအား အမြင့်ဆုံးကာကွယ်မှုရရှိမည် ဖြစ်သည်၊ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးထားခြင်းဖြင့် ဖျားနာခြင်းမှကာကွယ်နိုင်ပြီး ရောဂါ ပြင်းထန်ခြင်းနှင့် ဆေးရုံတက်ရောက် ကုသမှုခံယူရခြင်းတို့ကို လျော့နည်းစေနိုင်ပါသည်။ ကလေး တွေကို ကိုဗစ်ကူးစက်ခံရရင် လူကြီးနှင့်ကွာခြားချက်၊ ကလေးတွေမှာ ရောဂါမပြင်းထန်ရခြင်း အကြောင်းများ၊ ကလေးကိုဗစ်လက္ခဏာများ၊ ဆေးလိပ်ဖြတ်ရင် ဘာအကျိုးကျေးဇူတွေရမလဲ၊ သားအိမ်ခေါင်းကင်ဆာရောဂါအား စောစီးစွာကာကွယ်ကုသအနိုင်ယူပါ၊ သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို စမ်းသပ်စစ်ဆေးနိုင်သော နည်းလမ်းများ၊ သက်တမ်းစေ့နေနိုင်ဖို့ စားသုံးဆီကို လျှော့သုံးစို့၊ အထူးသတိပြုစောင့်ကြည့်ရမည့် ကိုဗစ်-၁၉ ဗီဇပြောင်းမျိုးကွဲ(Variants of Concern) ငါးခုမြောက်အုပ်စုဝင် အိုမီခရွန်(omicron)(B.1.1.529)၊ အိုမီခရွန်(omicron)အပါအဝင် ကိုဗစ်-၁၉ မျိုးဗီဇပြောင်းရောဂါပိုးများကို သတိပြုကာ မိမိကစ၍ ကာကွယ်ပါ၊ OMICRON ၏ ထူးခြားသော အချက်များ၊ အလုပ်အကိုင်အခွင့်အလမ်းကြော်ငြာများနှင့် ဒေသဆိုင်ရာသတင်းများ စသည့် အသိပညာဗဟုသုတများစွာ ရရှိနိုင်သည့် စာစောင်များကို ပြသပေးခဲ့ကြောင်း သိရသည်။
ခွန်ရဲထွေး(ဆီဆိုင်)