စဉ့်ကိုင် ဒီဇင်ဘာ ၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနလူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက် (၁၁) နာရီက စာအုပ် စာစောင် ချစ်မြတ်နိုးသူအသင်းနှင့် ပူးပေါင်း၍ စာရေးဆရာ နတ်သျှင် (ရွှေဂူ) ၏ "အနာဂတ်ကိုမျှော်တွေးပါ" စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှဦးစီးအရာရှိ ဦးဘိုဘိုဟန်က လူငယ်များ စာဖတ်သည့် အလေ့အကျင့်ကောင်း များရရှိစေရန် စာအုပ်စာပေဖတ်ရှုခြင်းဖြင့် အတွေးအခေါ် ဗဟုသု တရင့်သန် တိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း ဖြစ်ကြောင်း ရှင်းလင်းပြောကြား ခဲ့ပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာရှေ့နေဦးဝင်းကြည်က စာရေးဆရာ နတ်သျှင် (ရွှေဂူ) ၏ အနာဂတ်ကို မျှော်တွေးပါ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့ပြီး စာရေးဆရာ ဦးညွှန့်လှိုင်ရွှေကျေး (မြစ်ငယ်) မှ စံပြလူသားဖြစ်ဖို့လိုပြီ ခေါင်းစဉ်ဖြင့် ဆွေးနွေးပြောကြားခဲ့သည်။
ဆက်လက်၍ စာအုပ်စာစောင် ချစ်မြတ်နိုးသူများအသင်း စာကြည့်တိုက်မှူး ဦးသန်းဌေးမှ မိသားစုပရဟိတခေါင်းစဉ်ဖြင့် ဆွေးနွေး ပြောကြားပြီး စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်းအဖွဲ့ဝင်များ ဖြစ်ကြ သည့် ဦးကိုကိုတင်အေး၊ ဦးအောင်ဆန်းတို့က စာအုပ်ပါ အခန်းကဏ္ဍအသီးသီးကို ဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော စာပေဝါသနာရှင်များကလည်း စာအုပ်ပါ အခန်းကဏ္ဍများထဲမှ သိလိုသည်များကို ပြန်လည်မေးမြန်း ဆွေးနွေးခဲ့ကြကြောင်းသိရသည်။
ညိုညိုဝင်း