နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာရှိ “ကရုဏာ”အောက်ဆီဂျင်စက်ရုံမှ အောက်ဆီဂျင်များပုံမှန် ထုတ်လုပ်လျက်ရှိ

နောင်ချို     ဒီဇင်ဘာ  ၇  ရက်

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ဘန့်ဘွေးကျေးရွာရှိ “ကရုဏာ”အောက်ဆီဂျင်စက်ရုံမှ ကိုဗစ် -၁၉ ရောဂါပိုးတွေ့ အတည်ပြုလူနာများနှင့် အခြားအောက်ဆီဂျင်လိုအပ်သော လူနာများအတွက် အောက်ဆီဂျင်များ ပုံမှန်ထုတ်လုပ်ပေးလျက်ရှိရာ နိုဝင်ဘာလ ၂ ရက်မှဒီဇင်ဘာလ ၂ ရက်နေ့အထိ တစ်လတာအတွင်း အောက်ဆီဂျင် (၄၀)လီတာအိုး (၁၀၀၈)လုံး ထုတ်လုပ်ပေးနိုင်ခဲ့ ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်အိုးများကို ဘန့်ဘွေး ကိုဗစ်-၁၉ကုသရေးစင်တာသို့ (၅၂၀)လုံး အခမဲ့ပံ့ပိုး ပေးနိုင်ခဲ့ပြီး နောင်ချိုပြည်သူ့ဆေးရုံ ၊ မြို့နယ်အတွင်းရှိ အသင်းအဖွဲ့များမှ လဲလှယ်ဖြည့်သွင်းသည့် (၄၇၈)လုံးအား တစ်လုံးလျှင် ကျပ်(၃၀၀၀/)နှုံးဖြင့် လဲလှည်ဖြည့်သွင်းပေးနိုင်ခဲ့ကြောင်း ၊ လုပ်ငန်းသုံး အနေဖြင့် (၁၀)လုံး သုံးစွဲခဲ့ကြောင်း၊ ဘန့်ဘွေးကျေးရွာ”ကရုဏာ” အောက်ဆီဂျင်စက်ရုံမှထုတ်လုပ် သည့် အောက်ဆီဂျင်များကို ဘန့်ဘွေးကျေးရွာအတွက်သာမက ပြည်သူ့ဆေးရုံနှင့် ကုသရေးစင်တာ များ၊ မြို့နယ်အတွင်းလိုအပ်သောလူနာများ လုံလောက်စွာသုံးစွဲနိုင်ကြောင်း၊ စက်ရုံပုံမှန်လည်ပတ်နိုင် ရေးအတွက် ဘန့်ဘွေးကျောင်းဆရာတော်၊ ဘန့်ဘွေးကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကရုဏာအခမဲ့ လူမှုရေးအသင်းတို့၏ ဦးဆောင်မှုနှင့်အတူ ရပ်နီးရပ်ဝေးမှစေတနာရှင် ၊အလှူရှင်များ က ဖြည့်ဆည်းလှူဒါန်းပေးလျက်ရှိကြောင်း ၊ အောက်ဆီဂျင်လိုအပ်ချက်အပေါ် မူတည်၍ လိုအပ်ပါက လိုအပ်သလို ၂၄ နာရီ စက်လည်ပတ်၍ အောက်ဆီဂျင်များ ထုတ်လုပ်ပေးသွားမည် ဖြစ်ကြောင်း ဘန့်ဘွေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထံမှ သိရသည်။

ထွေးငယ်၊(ပြန်/ဆက်)