နောင်တရား ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်လောင်းမြို့နယ်၊ နောင်တရား မြို့၌ စန္တာခမ်းပအိုဝ်းတိုင်းရင်းသားဘက်စုံဖွံ့ဖြိုးရေးကွင်းအဝင်လမ်းကွန်ကရစ်လမ်းခင်းခြင်းကို နောင်တရားဒေသပအိုဝ်းတိုင်းရင်းသားများ၊ အလှူရှင်များ စုပေါင်းလှူဒါန်းခြင်း နှင့် ဒေသခံများ ပူးပေါင်းပါဝင်လုပ်အားပေး ဆောင်ရွက်ခြင်းကြောင့် ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးပြီဖြစ်သည်။
စန္တာခမ်းပအိုဝ်းတိုင်းရင်းသားဘက်စုံဖွံ့ဖြိုးရေးကွင်းတွင် ပအိုဝ်းတိုင်းရင်းများ၏ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများ၊ ပွဲလမ်းသဘင်များ၊ ဘာသာရေးပွဲတော်၊ ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားနှင့် အခြားဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်ရန်အတွက် ရည်ရွယ်ဖော်ဆောင် လျက်ရှိသည်။ အဆိုပါ စန္တာခမ်းပအိုဝ်းတိုင်းရင်းသားဖွံ့ဖြိုးရေးကွင်းအဝင်လမ်း ကောင်းမွန်စေရေးအတွက် နောင်တရားဒေသ အတွင်းရှိ ပအိုဝ်းတိုင်းရင်းသားများနှင့် အလှူရှင်များ စုပေါင်းထည့်ဝင်ငွေဖြင့် ဆောင်ရွက်လျက်ရှိပြီး ကွန်ကရစ်လမ်းခြင်းလုပ်ငန်းကို နောင်တရားဒေသအတွင်းရှိ ကျေးရွာများမှ ဒေသခံပအိုဝ်းတိုင်းရင်းသားများက ပူးပေါင်းပါဝင် လုပ်အားပေး ဆောင်ရွက်လျက်ရှိပြီး ကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ၇၀ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ် ကြောင်းသိရသည်။
ခွန်အောင်(နောင်တရား)