ဟိုပုံးမြို့၌ MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အအောက် ကလေးငယ်များ အား ထောက်ပံ့ပေးအပ်ခြင်း အသိပညာပေး Talk Show ပြုလုပ်

ဟိုပုံး    ဒီဇင်ဘာ   ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အအောက် ကလေးငယ်များအား ထောက်ပံ့ပေးအပ်ခြင်း အသိ ပညာပေး Talk Show ကို ယနေ့ နံနက်၁၀နာရီက ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အဆင့်ရုံး(ဟိုပုံး) Community Centre ခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအဆင့်ရုံး(ဟိုပုံး)မှဦးစီးအရာရှိ ဒေါ်ခင်အိအိ သန်းမှ MCCT အစီအစဉ်အရ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အအောက် ကလေးငယ်များအား ထောက်ပံ့ပေးအပ်ခြင်း အသိပညာပေး Talk Show ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သိင်္ဂီအောင်မှ မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာနအနေဖြင့် ထောက်ပံ့ပေးရတဲ့ရည်ရွယ်ချက်က လူဘဝရက် ၁၀၀ အတွင်းကလေး များ၏ ဦးနှောက်နှင့် ဉာဏ်ရည် ကောင်းမွန်စွာဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ပါကြောင်း၊ ဟိုပုံးမြို့နယ်တွင် ထောက်ပံ့ပေးခဲ့တာ နှစ်ကြိမ်ရှိပြီးဖြစ်ပါကြောင်း၊ ကိုယ်ဝန်ဆောင်မိခင်နှင့် အသက်(၂)နှစ်အောက် ကလေးများကို သုံးလတစ်ကြိမ်တွင် ငွေကျပ် တစ်သောင်းခွဲနှုန်းဖြင့် ထောက်ပံ့ပေးခြင်းဖြစ်ပါကြောင်း၊ မြို့ပေါ်ရပ်ကွက်(၆) ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၂၂) အုပ်စုကို ထောက်ပံ့ပေးမည်ဖြစ်ပါကြောင်း၊ ကျေးရွာအုပ်စု၆ခုအား ထောက်ပံ့ပေးပြီးဖြစ်ပါကြောင်းနှင့် ဟိုပုံးမြို့နယ်တွင် ကိုယ်ဝန်ဆောင်မိခင် (၁၁၄၀)ဦးနှင့် ကလေးဦးရေ (၁၁၇၆)ဦး စုစုပေါင်း (၂၃၁၆) ဦးအား ထောက်ပံ့ပေးသွားဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)