မိုင်းငေါ့ ဒီဇင်ဘာ ၈
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ယမန်နေ့ နံနက် (၉)နာရီ အချိန် ခန့်က Sinopharm အမျိုးအစား ကာကွယ်ဆေး အသက် (၁၈)နှစ် အထက်ပြည်သူများအား ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပေးခြင်းများကို ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဒုတိယအကြိမ် ကာကွယ်ဆေး လာရောက် ထိုးနှံသူ ကျား (၁၁၆)ဦး ၊ မ (၁၅၄)ဦး စုစုပေါင်း (၂၇၀) ဦး တို့အား မိုင်းငေါ့တိုက်နယ်ကျန်းမားရေးဌာနမှ ကျန်းမာရေးဆရာမ ဒေါ်နန်းခင်မျိုးဦးနှင့် အဖွဲ့က ဈေးရပ်ကွက် ဘုန်းကြီးကျောင်း အတုလဇေယျဆောင် ဓမ္မာရုံတွင် ထိုးနှံပေးခဲ့သည်။
ကာကွယ်ဆေးမထိုးမီ အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ခြင်း၊စသည့် ကျန်းမာရေး စစ်ဆေး ခြင်း လုပ်ငန်းများ ဆောင်ရွက်ပေးပြီးမှ ကာကွယ်ဆေး ထိုးနှံပေး ခြင်းဖြစ်ကြောင်း၊ ကာကွယ် ဆေးထိုးပြီးပါကလည်း နာရီဝက်ခန့်စောင့်ကြည့် ဆောင်ရွက်ပေးသွားမှာ ဖြစ်ကြောင်း တိုက်နယ် ကျန်းမာရေးဌာနမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)