ဟိုပုံး ဒီဇင်ဘာ ၈
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် မိုဘိုင်းစနစ်ဖြင့် အသက်(၁၈)နှစ် အထက်ပြည်သူများအား ဦးစားပေးအုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာ ကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက်(၈)နာရီအချိန်မှစတင်၍ ဆေးထိုးစုရပ်(၈)ခုတွင် ထိုးပေးခဲ့ကြသည်။
ထိုသို့ထိုးနှံရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်း ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်မီးသတ်တပ်ဖွဲ့၊ မြို့နယ် ပြည်သူ့ဆေးရုံမှ ကျန်းမာရေးဝန်ထမ်းများက ဆေးထိုးစုရပ်များအဖြစ် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသဦးစီးခန်းမ၊ ဟိုပုံးပြည်သူ့ဆေးရုံ၊ နမ့်ခုတ် RHC ၊ ကျောက်တန်း RHC ၊ စံဖူး RHC ၊ မိုင်းပျဉ်း RHC၊ နောင်ဒေး RHC၊ ဖမ်းရမ်းကျေးလက် ကျန်းမာရေးဌာနခွဲတို့တွင် မိဘပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသက် (၁၈)နှစ်နှင့် အထက်ပြည်သူများအား ဦးစားပေး အုပ်စုအလိုက် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခဲ့ကြသည်။
ဟိုပုံးခရိုင် (ပြန်/ဆက်)