မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီးနောက်ပြန်လည် ကျန်းမာလာသူတစ်ဦး၏ ရင်တွင်း စကားသံအချို့

မိုင်းငေါ့    ဒီဇင်ဘာ    ၈

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေး လုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိပြီးနောက် ကျန်းမာရေး ကောင်းမွန်လာသူ ပြည်သူတစ်ဦး၏ ရင်တွင်းစကားသံ အချို့ကို ဖော်ပြပေး လိုက်ပါတယ်။

ကျွန်မနာမည်က ဒေါ်မိုးမိုးဖြစ်ပါတယ် အသက်က (၄၈) နှစ်ရှိပါပြီ အမှတ်(၂)ရပ်ကွက်မန်လုဲမှာနေ ထိုင်ပါတယ်၊ အရာင်းအဝယ် လုပ်ကိုင်ပါတယ်၊ ကျွန်မ ကိုဗစ်-၁၉ ရောဂါ ဖြစ်သူနဲ့ ထိတွေ့မိတဲ့အတွက် Quarantine Centre မှာ (၂၉) ရက် နေထိုင်ရပြီး ကိုဗစ် ရောဂါပိုး ရှိ/မရှိ PCR နဲ့(၂)ခါ စစ်ဆေးကြည့်တာ ပထမအကြိမ် စစ်ဆေးကြည့်တော့ ရောဂါပိုး မရှိကြောင်းသိရပြီး ဒုတိယကြိမ် ပြန်စစ်တော့ ကိုဗစ်-၁၉ ရောဂါပိုး ရှိကြောင်းသိရတယ်၊ ရောဂါ ဖြစ်တဲ့ အချိန်မှာ အနံ့မပျောက် သေးဘူး (၂၄.၈.၂၀၂၁)ရက်နေ့မှ အနံ့စပျောက်ပြီး  (၂၆.၈.၂၀၂၁)  ရက်နေ့ အနံ့ ပြန်ရလာတယ်၊ ညနေ ညနေဆို ချမ်းတုန်ပြီး ဖျားတယ် ကိုယ်ခန္တာ တစ်ခုလုံး ညောင်းညာ ကိုက်ခဲပြီး တုပ်ကွေး ဖြစ်တယ်၊ အောက်ဆီဂျင် လုံးဝကျမသွားဘူး၊ Quarantine Centre နေချိန် မှာ ကျန်းမာရေးဌာနမှ တာဝန်ရှိသူတွေရဲ့ ညွှန်ကြားချက်အတိုင်း နေထိုင်ပါတယ် ဆေးပုံမှန် သောက်ပါတယ် အိပ်ရေး ဝဝအိပ်ပါတယ် ၊လေးကျင့်ခန်း ပုံမှန်လုပ်တယ်၊ အစားအသောက် ပုံမှန်းစားတယ်၊  (၁.၉.၂၀၂၁) ရက် နေ့မှာ ကျန်းမာရေး ကောင်းမွန်လာပြီး အိမ်ပြန်လာရတယ်၊ ရောဂါ ပျောက်ကင်းပြီးမှ ခေါင်းကိုက်တယ်၊ ရင်ဘတ်အောင့်တယ် အသက်ရှူမဝသလိုကြီးခံစားရတယ် ၊ ကျွန်မအနေနဲ့ ပြောချင်တာက ကိုဗစ် ရောဂါ ဖြစ်ပြီဆိုရင် စိတ်ဓါတ်လုံးဝကျမသွားပါနဲ့၊ ကိုယ်ခံအားကောင်းအောင်နေထိုင်ပါ၊ ရောဂါဖြစ်ပြီဆိုတာနဲ့ အ မြန်ဆုံးဆေးကုသ မှု ခံယူပါ ၊အဟာရပြည့်ဝတဲ့ အစားအစာတွေစားပေးပါ၊ အပြင်ထွက်တိုင်းMask ကိုစနစ် တကျ တပ်ဆင်ပြီးမှ သွားလာကြပါ၊ ကျွန်မ တို့က ဈေးရောင်းတော့ Mask ကို တစ်နေ့လုံးတပ်ဆင်ထားရ တယ်၊ လက်ကိုလည်းမကြာ ခဏဆေးကြောရပါတယ်၊  ဒါကြောင့် ပြည်သူတွေအနေနဲ့ ကျန်းမာရေးဌာနက ထုတ်ပြန်ထားတဲ့ ညွှန်ကြားချက်များ ကိုလည်း လိုက်နာကြပါ ၊ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသူ များလည်း ကာကွယ်ဆေး ထိုးနှံကြပါလို့ တိုက်တွန်းပြောကြား လိုပါတယ်။

မို့မို့ (ပြန်/ဆက်)