မိုင်းပန်မြို့နယ်အတွင်း၌ ‌အ‌ခြေခံပညာစာသင်ကျောင်းများ‌ ပြန်လည်ဖွင့်လှစ် သင်ကြားပေးလျက်ရှိ

မိုင်းပန်    ဒီဇင်ဘာ     ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်တွင် ယခုနှစ် အစောပိုင်းက ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု များပြားနေသည့်အတွက် ကျောင်းများ ယာယီရပ်ဆိုင်းထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်မှုနှုန်း လျော့နည်းလာသည့်အတွက် ဒီဇင်ဘာလ ၆ ရက်နေ့မှစ၍ မိုင်းပန်မြို့နယ်အတွင်းရှိ အခြေခံပညာစာသင်ကျောင်းများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များနှင့်အညီ ပြန်လည်ဖွင့်လှစ် သင်ကြားပေး‌‌လျက်ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းများ ပြန်လည်ဖွင့်လှစ်သင်ကြားရာတွင် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြားနိုင်စေရန်အတွက် သက်ဆိုင်ရာ တာ၀န်ရှိသူများမှ လာရောက် ကြီးကြပ်ပေးခြင်း၊ ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်စေရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ မိုင်းပန်မြို့နယ်အတွင်းရှိ အထက်တန်းကျောင်း (၁) ကျောင်း၊ အလယ်တန်းကျောင်း (၂) ကျောင်း၊ အလယ်တန်း ကျောင်း(ခွဲ) (၁) ကျောင်း၊ မူလတန်းလွန်ကျောင်း (၆) ကျောင်း နှင့်  မူလတန်းကျောင်း (၁၇)  ကျောင်း စုစုပေါင်း (၂၇)ကျောင်း စလုံးတွင် ပြန်လည် ဖွင့်လှစ်သင်ကြားပေး နေလျက် ရှိကြောင်းနှင့် ကျောင်းအပ်နှံထားသည့်စာရင်းများအရ မြို့နယ်အတွင်းရှိ စာသင်ကျောင်း (၂၇) ကျောင်းတွင် မူလတန်းကျောင်းသား (၁၇၆၁) ဦး၊ အလယ်တန်းကျောင်းသား (၆၁၅) ဦး၊ အထက်တန်းကျောင်းသား (၁၀၃) ဦး ကျောင်းလာရောက်အပ်နှံထားကြောင်း မြို့နယ်ပညာရေးမှူးရုံးရှိ တာ၀န်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)