နမ္မတူ ဒီဇင်ဘာ ၈
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ ပန်လုံကျေးရွာ အုပ်စုအတွင်းရှိ သတ်မှတ်ချက်များနှင့် ကိုက်ညီသည့် တိုင်းရင်းသားပြည်သူများအား အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ အခမဲ့ပြုလုပ်ပေးနိုင်ရေး ကွင်းဆင်း ဆောင်ရွက်ခြင်းကို ဒီဇင်ဘာလ ၆ ရက်နေ့ နံနက်ပိုင်းက ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်စု၊ ပန်လုံကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆောင်ရွက်ခဲ့သည်။
ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ် ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး အပါအဝင် ဝန်ထမ်း(၇)ဦး၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မိတ်ဆွေကောင်း လူမှုကူညီရေးအသင်းတို့ ပူးပေါင်း၍ နမ္မတူမြို့နယ်၊ ပန်လုံကျေးရွာအုပ်စုအတွင်းရှိ ဒေသခံ တိုင်းရင်းသား ပြည်သူအိမ်ထောင်စုလူဦးရေစာရင်း (၂၁)စု၊ နိုင်-၃ (က) လျှောက်ထားသူ (၅၇)ဦး၊ နိုင်-၆ (က) လျှောက်ထားသူ (၄၀)ဦး၊ နိုင်ငံသားစိစစ်ရေးကတ်ပြားလဲလှယ်လျှောက်ထားသူ (၄)ဦးနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး/ပျက်စီး လျှောက်ထားသူ (၇)ဦး စုစုပေါင်း (၁၀၈)ဦးတို့ကို နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးနိုင်ရေး အတည်ပြုလက်ခံဆောင်ရွက်ပေးခဲ့ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ နမ္မတူမြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းထွန်းလှထံက သိရသည်။
လူမော် (ပြန်/ဆက်)