မိတ္ထီလာ ဒီဇင်ဘာ ၈
မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အသက် ၂၅ နှစ်အောက် အမျိုးသားဖူဆယ် ဘောလုံး ပြိုင်ပွဲနှင့် အမျိုးသား၊အမျိုးသမီးကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့နံနက် ၈ နာရီအချိန်က ခရိုင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပ ကြောင်းသိရသည်။
ခရိုင်အတွင်းရှိ မြို့နယ် ၄ မြို့နယ်မှ ပြိုင်ပွဲဝင်အသင်းများပါဝင်ယှဉ်ပြိုင်သော အဆိုပါ ဖူဆယ် ဘောလုံးပြိုင်ပွဲနှင့် ကြက်တောင်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင် အုပ်ချုပ် ရေးမှူး ဦးဇော်ဇော်ဦးက အမှာစကားပြောကြားသည်။ ဆက်လက်၍ မိတ္ထီလာ၊ မလှိုင်၊ ဝမ်းတွင်းနှင့် သာစည်မြို့နယ်များမှ ဖူဆယ်ဘောလုံးပြိုင်ပွဲနှင့် ကြက်တောင်ပြိုင်ပွဲ ပြိုင်ပွဲဝင် အားကစား အသင်းသူအသင်းသားများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များ၊ အဆိုပါမြို့နယ် ၄ မြို့နယ်မှ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများက လိုက်လံ နှုတ်ဆက်အားပေးစကားပြောကြားသည်။
အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပြိုင်ပွဲဝင်အသင်း ၄ သင်း နှင့် ကြက်တောင်ပြိုင်ပွဲတွင် စုစုပေါင်း ပြိုင်ပွဲဝင်အသင်း ၈ သင်း ပါဝင်ယှဉ်ပြိုင်ပြီး ပြိုင်ပွဲအား ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
ချမ်းသာ