ရန်ကင်း ဒီဇင်ဘာ ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ အများပြည်သူ စာပေဖတ်ရှုသည့် အလေ့အထ ရရှိစေရန်၊ စာပေမှရရှိသည့် အသိပညာဗဟုသုတများ တိုးပွားစေရန်၊ အမှားအမှန် ဝေဖန်ပိုင်းခြားတတ်စေရန် ရည်ရွယ်၍ စာအုပ်စာစောင်များအား ဌာနဆိုင်ရာများ၊ ကျောင်းသား၊ကျောင်းသူများထံသို့ လက်ဝယ်အရောက် သွားရောက်ငှားရမ်း ပေးလျက်ရှိရာ ယမန်နေ့နေ့လယ် ၃နာရီက ရန်ကင်းမြို့နယ် ကော်မရှင်ရုံးသို့ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများက သွားရောက်၍ စာအုပ်စာစောင်များ အခမဲ့ငှားရမ်းပေးခဲ့ကြောင်း သိရသည်။
ထိုသို့ စာအုပ်၊ စာစောင် ငှားရမ်းပေးရာတွင် သုတစာအုပ်(၄၀)အုပ်၊ ရသစာအုပ်(၃၅)အုပ် စုစုပေါင်း(၇၅) အုပ်အား ငှားရမ်းပေးခဲ့ပြီး အဆိုပါငှားရမ်းထားသည့် စာအုပ်များအား ရက်သတ္တပတ် တစ်ပတ်ပြည့်လျှင် အသစ်လဲလည်၍ ငှားရမ်းပေးသွားမည်ဖြစ်သည်။ အဆိုပါ စာအုပ်စာစောင် ငှားရမ်းပေးခြင်း နယ်လှည့် စာကြည့်တိုက်လုပ်ငန်းများအား ဌာနဆိုင်ရာများ၊ ကျောင်းများသို လစဉ်အလှည့်ကျ ကွင်းဆင်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)