တောင်ကုတ် ဒီဇင်ဘာ ၈
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၌ အခြေခံပညာအထက်တန်းအဆင့်၊ အလယ်တန်းအဆင့် စာပေမြတ်နိုးသူ လူငယ်များနှင့်ပူးပေါင်း၍ Unicef နှင့်မြန်မာပူပေါင်း ထုတ်ဝေသည့် ကလေးပုံပြင်စာအုပ်များဖြင့်ယမန်နေ့နံနက် (၁၁) နာရီအချိန်က လူထုအခြေ ပြုဗဟိုဌာန (Community Centre) ခန်း မ၌ ကျန်းမာ ရေးဝန်ကြီး ဌာန၏ ကိုဗစ် -၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လမ်းညွှန်ချက်များ နှင့်အညီ စာဖတ်ဝိုင်းကျင်းပခဲ့သည်။
အဆိုပါစာဖတ်ဝိုင်းတွင် တောင်ကုတ်မြို့ ပြည်သူစာကြည့်တိုက် စာကြည့်တိုက်လက်ထောက်-၃ ဒေါ်ဌေးဌေးလွင် ကလူငယ်အသိပညာမြင့်မားဖို့စာကြည့်တိုက်သို့ လာရောက်စာဖတ်ကြရန်မှာကြားပြီး ကလေးသူ ငယ် အခွင့်အရေးဆိုင်ရာများအားရှင်း လင်းပြောကြားကာ စာပေမြတ်နိုးသူလူငယ်များက သိရှိလိုသည်များအားမေးမြန်းရာ စာကြည့်တိုက်မှူးဒေါ်ဌေးဌေးလွင်ကပြန်လည် ဖြေကြားခဲ့သည်။
ဆက်လက်ပြီး Unicef နှင့်မြန်မာတို့ ပူးပေါင်းထုတ်ဝေသော တိုင်းရင်းသား ပုံပြင်စာအုပ်များ နှင့်စာဖတ် ဝိုင်းပြုလုပ်ခဲ့ရာ စာပေမြတ်နိုးသူများကပုံပြင်စာအုပ်ဖတ်ရှုကြပြီး မှတ်မိသမျှပြန်လည်ဆွေးနွေး ကာစာကြည့် တိုက်မှူး ဒေါ်ဌေးဌေးလွင်က ပုံပြင်ပါအကြောင်းအရာများအားပြန်လည်ရှင်း လင်းပြောပြခဲ့ကြောင်း သိရသည်။
စန်းဝင်း( မြို့နယ်ပြန်ဆက် )