ရန်ကင်း ဒီဇင်ဘာ ၈
ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမင်းမင်းလတ် ၏ကြီးကြပ်မှုဖြင့် ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး ရည်ရွယ်၍ ပါးစပ်၊ နှာခေါင်းစည်း Mask Campaign လူထုလှုပ်ရှားမှု တစ်ရပ်ကို ယမန်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ်နှင့် ဗဟန်းမြို့နယ် အကြား နယ်နမိတ်ထိစပ်လျက်ရှိသော ဆရာစံရပ်ကွက်စက်မှု(၁)လမ်းရှိ ဆရာစံပန်းခြံရှေ့နှင့် မြန်မာနိုင်ငံကူး လက်မှတ်ထုတ်ပေးရေး အဖွဲ့ရုံးရှေ့တို့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ဆောင်ရွက်ရာသို့ ရန်ကင်းမြို့နယ်နှင့် ဗဟန်းမြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနမှ ဝန်ထမ်းများ၊ ဗဟန်းမြို့နယ် ရဲတပ်မှူးနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ ပါဝင်သော ပူးပေါင်းအဖွဲ့များမှ မြန်မာနိုင်ငံကူး လက်မှတ်ဆောင်ရွက်ရန် တန်းစီစောင့်ဆိုင်းနေသူများ လမ်းတစ်လျှောက် ဆိုင်ကယ်စီးလာသူများ၊ အနှေးယာဉ်သမားများ၊ လမ်းလျှောက်သူများ၊ နှာခေါင်းစည်း တပ်ဆင်လာခြင်းမရှိသူများအား နှာခေါင်စည်း တပ်ဆင်ပေးခြင်း နှင့် နှာခေါင်းစည်း(Mask) အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
လှလှထွေး(ပြန်/ဆက်)