ခေါဇာမြို့တွင် ပြည်သူများ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး စည်းကမ်းချက်များ သိရှိနိုင်ရန် အသိပညာပေး နှိုးဆော်မှုများ ဆက်လက်ဆောင်ရွက်

ခေါဇာ  ဒီဇင်ဘာ  ၈

 

မော်လမြိုင်ခရိုင် ခေါဇာမြို့တွင်  ပြည်သူများ  ကိုဗစ်-၁၉ရောဂါ    ကာကွယ်ရေး စည်းကမ်းချက်များ သိရှိနိုင်ရန် အသိပညာပေးနှိုးဆော်မှုများကို  စဉ်ဆက်မပြတ်  ဆောင်ရွက် လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကျန်းမာရေးဝန်ကြီးဌာနက   ထုတ်ပြန်ထားသောပြည်သူသို့ အသိပေးပန်ကြားချက် များဒေသ နေပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာကြ စေရန်  မွန်၊မြန်မာ နှစ်ဘာသာဖြင့်  ဆောင်ရွက်ပေးသည်။

အဆိုပါ   အသိပညာပေး လုပ်ငန်းတွင်   ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ     ဝန်ထမ်းများက မိဘပြည်သူများ အနေဖြင့်  မိမိတို့အိမ်တွင်း၌သာ နေထိုင်ရန်၊ ပြင်ပမှလာသော ဧည့်သည် များ လက်မခံပါရန်၊  အခြားသူများထံသို့  သွားရောက် လည်ပတ်ခြင်း  မပြုရန်၊    မဖြစ်မနေ  အရေးကြီး ကိစ္စကြောင့်  အပြင်ထွက်ရပါက   ပါးစပ် နှင့်နှာခေါင်းစည်း (Mask)  များကို  စနစ် တကျ  တပ်ဆင်ကြ ရန်၊  လူစုလူဝေးပြုလုပ်ခြင်းကို  ရှောင်ကြဉ်ကြရန်၊  လက်ကို စက္ကန့်(၂၀)ကြာအောင်  စနစ် တကျ  ဆေးကြောကြရန်၊  မိမိတို့၌ရောဂါပိုး ကူးစက်ခံရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်း မာရေးဌာနသို့ ဆက်သွယ်အကြောင်းကြားရန်စသည့်အချက်များကို ရပ်ကွက်အတွင်း လိုက်လံ နှိုးဆော်ပေးခဲ့ကြောင်း   သိရသည်။

ခေါဇာပြန်/ဆက်