ခေါဇာ ဒီဇင်ဘာ ၇
မွန်ပြည်နယ်၊ ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက် ဆံရေးဦးစီးဌာနနှင့် ရေးမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးဆိုင်ရာအသိပညာပေးဆွေးနွေးပွဲ(Talk show)ကို ယနေ့နံနက် ၁၀နာရီ က ခေါဇာမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ (Community Center) ခန်းမ၌ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်သဲစုအောင်က(Talk show) ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကိုဆွေးနွေးပြီး ရေးမြို့နယ် လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်ကျော်ဦး ကကလေးသူငယ် ဆိုင်ရာအခွင့် အရေးများ၊ ကလေးသူငယ်များနှင့်ပတ်သက်၍ ပြည်သူများ သိသင့်သိထိုက်သောဌာန၏ လုပ်ဆောင်နေမှုအခြေအနေများ အားရှင်းလင်းဆွေးနွေးခဲ့ကြောင်းသိရသည်။
ခေါဇာ (ပြန်/ဆက်)