ကျိုက်မရောတွင် ဆောင်းရာသီသီးနှံတိုင်ထောင် ပဲသီးများစီးပွားဖြစ် စိုက်ပျိုးခြင်းဖြင့် မိသားစု ဝင်ငွေတိုး


ကျိုက်မရော      ဒီဇင်ဘာ  ၈


ကျိုက်မရောမြို့နယ်ရှိ နတ်စမ်းကျေးရွာတွင်ဆောင်ရာသီ သီးနှံဖြစ်သည့်တိုင်ထောင် ပဲထောင့်ရှည်သီများကို တောင်သူများစီးပွားဖြစ် စိုက်ပျိုးသူများပြားလျက်ရှိပြီး မိသားစုအပို ဝင်ငွေတိုးပွားလျက်ရှိကြသည်။

အဆိုပါပဲထောင့်ရှည်သီးများကို စီးပွားဖြစ်စိုက်ပျိုးရာတွင် မြေဆီလွှာ အစိုဓာတ်များသော နှုန်းမြေအမျိုးအစားပေါ်တွင် ပဲစေ့လေများကို အစေ့လိုက်ချပေးပြီးရက်ပေါင်း ၂၀ခန့်ကြာလျင် အညွှ့န့်လေးများကိုတိုင်ထောင်ပေးရပြီးစိုက်ပီး ၄၅ ရက်ကြာလျင်ပဲထောင့်ရှည်သီးများ ကြီးထွား လာကာခူး၍ရရှိပြီးစတင်ရောင်းချလို့ရပီးဖြစ်ကြောင်း တိုင်ထောင်ပဲ သီးစိုက်ပျိုးသူ တောင်သူ ဦးမျိုးအောင်ကပြောသည်။ တိုင်ထောင်ပဲသီးကိုတစ်ရက်ခြားတစ်ခါ ခူးရကြောင်းတစ်ခါခူးလျင် ပိသာ၂၀ခန့်ရရှိကြောင်း တစ်ပိသာလျှင် ၁၂၀၀ကျပ်ရရှိပြီး တစ်နေ့လျင်မိသားစုအပိုဝင်ငွေ နှစ်သောင့်ခန့်ရရှိသဖြင့် ယခုကာလအတွင်းမိသားစုများ၏ စားဝတ်နေရေးအတွက်အပိုဝင်ငွေ ရရှိကြသဖြင့်ပဲသီး စိုက်ပျိုး သူတောင်သူများပြားလာကြောင်းလည်းသိရသည်။

ယခုနှစ်ဆောင်းရာသီသီးနှံစိုက်ပျိူးရန်အတွက် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှလည်း တစ်ဧကလျင် တစ်သိန်းနှုန်းဖြင့် စိုက်ပျိုးစရိတ်ချေးငွေများထုတ်ချေးပေးထား သဖြင့်သီးနှံ စိုက်ပျိုး ရာတွင်များစွာ အထောက်အကူဖြစ်သဖြင့် တောင်သူများ အတွက်အဆင်​ပြေလျက်ရှိ ကြောင်းကို တောင်သူဦးမျိုးအောင်ထံမှ သိရသည်။    

ချိုမြတ်မြတ်ထွေး(ကျိုက်မရော)