မိုးနဲ ဒီဇင်ဘာ ၇
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုးနဲမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကင်းစင်ပပျောက်မှု ရှိစေရန် ဌာနဆိုင်ရာ အသီးသီးပူးပေါင်း၍ ကာကွယ်ဆေးထိုးနှံခြင်းများ၊ အသိပညာပေး နှိုးဆော်ခြင်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း အချိန်တွင်လည်း ကင်တုံကျေးရွာ နားခါး အမှတ်(၅) အခြေခံပညာ မူလတန်းကျောင်းဝင်း အတွင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးရာတွင် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော စည်းကမ်းချက်များနှင့်အညီ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ် ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့ မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်းကာ ကာကွယ် ဆေး လာရောက်ထိုးနှံမှု ခံယူကြသော ကင်တုံကျေးရွာနေ ပြည်သူများ အဆင်ပြေစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်လမ်းညွှန်ချက်များနှင့်အညီ စနစ်တကျ SINOPHARM ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ကွင်းဆင်းထိုးနှံပေးခဲ့ရာ ပထမအကြိမ်အဖြစ် စုစုပေါင်း ၂၀ ဦး လာရောက် ထိုးနှံခဲ့ကြကြောင်းသိရသည်။
ဇင်ကိုကို(ပြန်/ဆက်)