ဆီဆိုင်မြို့နယ်၌ အခြေခံပညာကျောင်းများ ပြန်လည်ဖွင့်လှစ်

ဆီဆိုင် ဒီဇင်ဘာ ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဆီဆိုင်မြို့နယ်အတွင်းရှိ အခြေခံပညာ ကျောင်းများကို ကိုဗစ်-၁၉ ရောဂါ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ  ပြည်တွင်း ကူးစက်မှုနှုန်း မြင့်တက်နေသည့်ကာလအတွင်း ကာကွယ်၊ ထိန်းချုပ်သည့်အနေဖြင့် ယာယီ ပိတ်ထားခဲ့ရာမှ ယခုအခါ ရောဂါကူးစက်မှုနှုန်း လျော့နည်းကျဆင်းနေပြီဖြစ်သည့်အတွက် ယမန်နေ့ နံနက်ပိုင်းတွင် ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

ဆီဆိုင်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၁၂)ကျောင်း၊ အခြေခံပညာ အထက်တန်း ကျောင်းခွဲ (၅)ကျောင်း၊ အခြေခံပညာအလယ်တန်းကျောင်း (၁၄) ကျောင်း၊ အခြေခံပညာ အလယ်တန်း ကျောင်းခွဲ(၁၅)ကျောင်း၊ အခြေခံပညာ မူလွန်ကျောင်း (၂၅)ကျောင်း၊ အခြေခံပညာ မူလတန်းကျောင်း (၁၃၉)ကျောင်း၊ အခြေခံပညာမူလတန်းကျောင်းခွဲ(၁၀)ကျောင်း၊ ဘုန်းတော်ကြီးသင်ပညာရေး ကျောင်း(၂) ကျောင်းရှိပြီး ၂၀၂၁-၂၀၂၂ ပညာသင်နှစ် အတွက် အခြေခံပညာ ကျောင်းများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ညွှန်ကြားချက် များနှင့် အညီ ပြန်လည်ဖွင့်လှစ်ခဲ့ကြ ကြောင်း သိရသည်။

မျိုးမြတ်(ဆီဆိုင်)